Wednesday, May 29, 2019

ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်​ဝန်​ကြီး ​ဒေါက်​တာ​စောညိုဝင်းအား အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေးအပါအဝင်​ ဌာန၅ခုသို့တိုင်​ကြားထားဟုဆို

ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်​ သစ်​​တောနှင့်​သယံဇာတ ဝန်​ကြီး ​ဒေါက်​တာ​စောညိုဝင်းအား အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေးအပါအဝင်​ ဌာန၅ခုသို့ အခွင့်​အာဏာအသုံးချကာ နိုင်​ငံ​တော်​၏မူဝါဒလမ်းစဉ်​နှင့်​မညီညွတ်​ပဲ အဂတိတရားဖြင့်​ ပြည့်​သူဘဏ္ဍာကိုတလွဲသုံး စီမံခန့်​ခွဲ​ဆောင်​ရွက်​သည်ဟုဆိုကာအ​ရေးယူမှုပြုလုပ်​​ပေးပါရန်​ ဒီက​နေ့​မေလ ၂၈ရက်​​နေ့ ရက်​စွဲဖြင့်​ သနပ်​ပင်​မြို့နယ်​ ​အောက်​တကဲ​ကျေးရွာမှ ဦး​ဇော်​ဝင်းလှိုင်​နှင့်​ ဦးဝင်း​အောင်​တို့ကတိုင်​ကြားထားသည်​ဟုသိရသည်​။



"ဦး​စောညိုဝင်းက ကျွန်​​တော်​တို့​ဒေသ​တွေကိုကွင်းမဆင်းဘူး ၃နှစ်​မှ သူက ၁ခါပဲဆင်းတယ်​ ၁ခါပဲဆင်းခဲ့ပြီး​တော့ အမှန်​တကယ်​လိုအပ်​တဲ့လမ်းတံတား​တွေကိုသူကလိုက်​မလုပ်​​ပေးပဲနဲ့ သူ့ရဲ့parsonal​ပေါ့ သူ့ရဲ့ဆန္ဒအရ သူ့ရဲ့​ခေါင်းစဉ်​ကဘာကို​ပေးထားလဲဆို​တော့ သဘာဝ​ဘေးအန္တရာယ်​​ကြောင့်​ ပျက်​စီးဆုံးရှုံးသွား​သောတံတားများအတွက်​ သစ်​လိုအပ်​ချက်​စာရင်းဆိုပြီးသူက ​ဆောက်​လုပ်​​ရေးဝန်​ကြီးဌာနရယ်​​ကျေးလက်​ရယ်​ကို တွက်​ချက်​ခိုင်းပြီး​တော့ သူ့သ​ဘောနဲ့သူ​ပေးလိုက်​တာ အမှန်​မှန်​​တော့ အဲ့​နေရာ​ဒေသ၄ခုရဲ့တံတား​တွေက တံတား​တွေလဲတစ်​ချို့​နေရာ​တွေမရှိဘူး တချို့​နေရာဆိုတာလဲလူသွားလမ်း​လေးပဲ အမှန်​သဘာဝ​ဘေးအန္တရာယ်​​ကြောင့်​ပျက်​စီးဆုံးရှုံးသွားတဲ့တံတား​တွေမဟုတ်​ဘူး သူ့ဆန္ဒနဲ့သူက​ပေးတာ အဲ့ဒီ​နေရာ​တွေကကျွန်​​တော်​တို့နဲ့နီးနီး​လေး ရွာချင်းဆက်​​တွေရှိတယ်​ တစ်​ရွာခြား​တွေရှိတယ်​ နှစ်​ရွာခြား​တွေရှိတယ်​ ကျွန်​​တော်​သိတဲ့ရွာ​တွေချည်းပဲ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးလဲမသိဘူး ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးလဲတင်​ထားတာမရှိဘူး ​ကျေးရွာတံတား​ကော်​မတီ​တွေကတင်​ထားတာလဲမရှိဘူး မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဆီမှာလဲမရှိဘူး လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေဆီမှာလဲမရှိဘူး သူဟာနဲ့သူ သူ့သ​ဘောနဲ့သူတွက်​ချက်​ပြီး​တော့သူက ဝန်​ကြီးပါဝါနဲ့ သုံးပြီး​တော့ သူ့နယ်​​မြေ သူ့တပည့်​​တွေကို ​ပေးတဲ့ပုံစံနဲ့ပေးလိုက်တာ"ဟု ဦး​ဇော်​ဝင်းလှိုင်​က​ပြောသည်​။

ဆက်​လက်​ပြီး၎င်းက"ဦး​အောင်​ထွန်းသစ်​သားတံတား အဲ့တစ်​ခုပဲပျက်​ဆီးဆုံးရှုံးသွားတာပဲရှိတယ်​ ကျန်​တာ​တွေမရှိဘူး တိုင်​ကြားတာအကုန်​လုံး အဲ့ဆီဟာ​တွေက အမှန်​​တွေချည်းပဲ တံတား၅စင်းစာတင်​တယ်​ ၄စင်းကအမှား အဲ့ဒီမှာ သူ့သစ်​တန်​နဲ့သူ့ခွဲသား​တွေနဲ့​ပေးထားတာ အဲ့ဒီမှာစာရင်​ချုပ်​ရှိတယ်​ အဲ့ဒီစာရင်းချုပ်​ကို မီဒီယာရှင်းလင်းပွဲကြရင်​တစ်​ခုခြင်းချပြမယ်​၊ဒါပြည်​သူ့​ကျေးရွာ​လေ ပြည်​သူကသူ့ကိုတင်​ထားတာ သူ့မှာဝန်​ကြီးဆို​ပေမယ့်​ သူ့မှာအာဏာမရှိဘူး ဒါကျွန်​​တော်​တို့ရဲ့ဘဏ္ဍာ သစ်​ဆိုတာကျွန်​​တော်​တို့ရဲ့ဘဏ္ဍာ ​ငွေဆိုတာလဲကျွန်​​တော်​တို့ရဲ့ဘဏ္ဍာ သူ့မှာသုံးပိုင်​ခွင့်​မရှိဘူး ကျွန်​​တော်​တို့ပြည်​သူပိုင်​တယ်​ ပြည်​သူပိုင်​တဲ့​ငွေကို အမှန်​တယ်​လိုအပ်​တဲ့​နေရာ ကွက်​လပ်​ဖြည့်​ပါ တကယ်​လိုအပ်​တဲ့​နေရာကိုတကယ်​​ပေးရမှာ၊ကျွန်​​တော်​တို့မှာအ​ထောက်​အထားရှိပြီးသား ​လေတိုက်​လို့လဲပျက်​တာမဟုတ်​ဘူး ​ရေကြီးလို့လဲ ပျက်​တာမရှိဘူး ခုချ​ပေးတဲ့​ခေါင်းစဉ်​ကိုသူက ဘာနဲ့ထိုးထည့်​လိုက်​လဲဆို​တော့ သဘာဝ​ဘေးအန္တရာယ်​​ကြောင့်​ပျက်​စီးဆုံးရှုံးသွား​သောတံတားများအတွက်​ ပစ္စည်းလိုအပ်​ချက်​စာရင်းဆိုပြီး သူကချ​ပေးလိုက်​တယ်​ဆောက်​လုပ်​​ရေးနဲ့​ကျေးလက်​ကိုသူ့ပါဝါနဲ့ သူကထိုးထည့်​ပြီး​တော့လုပ်​ခိုင်းတာ ​မြေပြင်​ကိုဆင်းစစ်​​မေး အုပ်​ချုပ်​​ရေးမှူး​တွေကိုတင်​ထားလား အဲ့တံတား​တွေကို၊မြို့နယ်​အုပ်​ချုပ်​​ရေးမှူး​တွေကိုတင်​ထားလား၊လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေကိုတင်​ထားတာလား တံတား​ကော်​မတီ​တွေကိုတင်​ထားတာလား ဘာမှတင်​ထားတာမရှိဘူး ကျွန်​​တော်​အကုန်​စုံစမ်းပြီးပြီ ခင်​ဗျားတို့ရှိသလားကျုပ်​တိုင်​​တော့မှာ ခင်​ဗျားတို့မှန်​တာကို​ပြော အဲ့​တော့ဘသူတို့မှာမရှိဘူး မရှိရင်​ကျုပ်​တိုင်​ပြီ"ဟု ​ပြောသည်​။

တိုင်ကြားထားခြင်းနှင့်ပတ်သက်ပြီးဒေါက်တာစောညိုဝင်း သို့ ဖုန်း ဆက်သွယ်မေးမြန်းသော်လည်းပြန်လဲဖြေဆိုခြင်းမရှိပါ။

No comments:

Post a Comment