Wednesday, May 29, 2019

တစ်သျှူးငှက်ပျောထိန်းချုပ်ရေးဆောင်ရွက်နေစဉ် တရုတ်နိုင်ငံသားစိုက်ပျိုးရေးပညာရှင်နှစ်ဦးအပါအဝင် လူလေးဦးကို ထပ်မံဖမ်းဆီး

 ဝိုင်းမော်မြို့နယ်အတွင်း ရှိ သစ်တောဌာနပိုင် မြေအချို့အ တွင်း တစ်သျှူးငှက်ပျောစိုက်ပျိုးမှု ကြောင့် တရားစွဲခံထားရသည့် မလိခနဂါးနှင့် မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီနှင့်ဆက်စပ်သူ တရုတ် နိုင်ငံသား စိုက်ပျိုးရေးပညာရှင် နှစ်ဦးအပါအဝင် လေးဦးကို မေလ ၂၆ ရက်က ဖမ်းဆီးခဲ့ကြောင်း ကချင်ပြည်နယ် သစ်တောဦးစီး ဌာန ဦးစီးမှူး ဦးခင်မောင်ဦးက ပြောသည်။
‘‘ကုမ္ပဏီပိုင်ရှင် မြန်မာတွေ ကိုတော့ ရဲစခန်းမှာ အမှုဖွင့်ပြီးပြီ။ အခု ရဲနဲ့ လဝကက ထပ်စစ်တာ စိုက်ပျိုးရေးပညာရှင်နှစ်ယောက် ပါတယ်ပြောတယ်’’ ဟု ဦးခင် မောင်ဦးက ဆိုသည်။ ယခုဖြစ်ရပ် သည် တစ်သျှူးငှက်ပျောစိုက်ပျိုး ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ သားများကို ဖမ်းဆီးမှုသည် မေလအတွင်းဒုတိယအကြိမ်ဖြစ်သည်။  ဝိုင်းမော်မြို့နယ် အောင်မြင် (၂)ကျေးရွာတွင် ပါဝင်သော ဝါ ရှောင်ကြိုးပြင် ကာကွယ်တောအ တွင်းသို့ တရုတ်နိုင်ငံသားငါးဦး ဝင်ရောက်နေသည်ကို တွေ့ရှိ၍ မေလ ၁၈ ရက်တွင် ဖမ်းဆီးခဲ့ သည်။ သစ်တောမြေအတွင်း ကျူး ကျော်မှုများကို မြေပြင်တွင် လိုက်လံဖမ်းဆီးနေသကဲ့သို့ သစ်တော မြေ၌ ကျူးကျော်ထားသော သစ် လွယ်ဖူးဘွမ်၊ ရှိန်သာ၊ မျိုးဆက် ကြယ်ပွင့်နှင့် မလိခနဂါးတို့ကို သစ်တောဦးစီးဌာနက တရားစွဲဆို ထားသည်။  တရုတ်နိုင်ငံသားလုပ်ငန်း ရှင်များ၏ ငွေကြေးထောက်ပံ့မှု ဖြင့် ဒေသစီးပွားရေးသမားအချို့ က ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် မြို့နယ်တို့တွင် တစ်သျှူးငှက်ပျော တရားမဝင် စိုက်ပျိုးမှုများရှိနေသ ဖြင့် စနစ်တကျ ထိန်းချုပ်နိုင်ရေး ကချင်ပြည်နယ်အစိုးရက ကြိုးစား နေသည်။ တစ်သျှူးငှက်ပျောထပ် မံစိုက်ပျိုးခွင့်ကိုလည်း ပြည်နယ် အစိုးရက တားမြစ်ထားသည်။

No comments:

Post a Comment