Wednesday, May 29, 2019

အက်စတွန်ဗီလာအသင်း ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရ

ချယ်လ်ဆီးနှင့် အင်္ဂလန် ကွင်းလယ်လူဟောင်း ဖရန့်လမ်း ပတ်ကိုင်တွယ်နေသော ဒါဘီကို ရှုံးထွက်ဗိုလ်လုပွဲတွင် ၂-၁ ဂိုး ဖြင့် အနိုင်ရပြီးနောက် အက် စတွန်ဗီလာသည် ပရီးမီးယားလိဂ် သို့ တန်းတက်ခွင့်ရခဲ့သည်။ အင်္ဂလန်ချန်ပီယံရှစ် ချန်ပီ ယံ နောဝှစ်ခ်ျနှင့် ဒုတိယနေရာရှိ ရှက်ဖီးယူနိုက်တက်တို့ ပရီးမီး ယားလိဂ်သို့ တိုက်ရိုက်တန်းတက် ခွင့်ရခဲ့ပြီး လက်ကျန်တစ်နေရာ ရရန် အဆင့် (၃)မှ အဆင့် (၆)အတွင်းရှိ အသင်းလေးသင်း ရှုံးထွက်ကစားရာ အက်စတွန်ဗီ လာက အနိုင်ရခဲ့ခြင်းဖြစ်သည်။



ပရီးမီးယားလိဂ်သို့ တက် ရောက်ခွင့်ရရေး ရှုံးထွက်ဗိုလ်လု ပွဲသည် ကမ္ဘာ့ဘောလုံးလောက တွင် တစ်ပွဲတည်းဖြင့် အကျိုးအ မြတ်အများဆုံးပွဲအဖြစ် ယူဆခံရ ပြီး အနိုင်ရသူ အက်စတွန်ဗီလာ အနေဖြင့် ပေါင် သန်း ၁၇၀ ခန့် ဝင်ငွေရနိုင်သည်။

၁၉၈၁-၈၂ ဥရောပချန်ပီယံ အက်စတွန်ဗီလာသည် ၂၀၁၆ က ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရ ကာ ပြီးခဲ့သည့်နှစ် ရှုံးထွက်ဗိုလ် လုပွဲတွင် ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့ သည်။

 ‘‘ပြောစရာစကားတောင် ရှာမတွေ့ပါဘူး။ ဘယ်လောက် ခက်ခဲတဲ့ပွဲလဲ။ အခုတော့ ကျွန် တော်တို့ ပရီးမီးယားလိဂ်ကို ပြန် လာခွင့်ရပြီ။ ကျွန်တော့်ရဲ့ မိခင် အသင်းကို ပရီးမီးယားလိဂ်ဆီကျွန်တော် ပြန်ပို့နိုင်ခဲ့ပါပြီ’’ဟု အက်စတွန်ဗီလာကွင်းလယ်လူ ဂျက်ဂရီလစ်ခ်ျက ပြောသည်။

 ‘‘သိပ်ခံစားလို့ကောင်း တယ်။ ကျွန်တော့်ကစားသမား တွေက ဒီနိုင်ပွဲနှင့် ထိုက်တန်ပါ တယ်။ အခုတော့ အလားအလာ က အကြီးကြီးဖြစ်နေပါပြီ’’ဟု အက်စတွန်ဗီလာနည်းပြ စမစ်က ပြောသည်။

ထိုအတောအတွင်း ဘွန် ဒက်စ်လီဂါသို့ တန်းတက်ခွင့်ရှုံး ထွက်ပွဲစဉ်တွင် နှစ်ကျော့ပေါင်း နှစ်ဂိုးစီ သရေကျသော်လည်း အ ဝေးဂိုးစည်းမျဉ်းဖြင့် စတုဂတ်ကို ဖြတ်ကျော်နိုင်ပြီးနောက် ယူနီယံ ဘာလင်အသင်းသည် ၎င်းတို့၏ သမိုင်းတစ်လျှောက် ဘွန်ဒက်စ် လီဂါပြိုင်ပွဲ၌ ပထမအကြိမ် ကစားခွင့်ရရှိခဲ့ရာ ပရိသတ်များ ကွင်းလုံး ပြည့် ဝင်ရောက်အောင်ပွဲခံခဲ့ သည်။ ဘွန်အက်စ်လီဂါ-၂ မှ ထိပ် ဆုံး နှစ်သင်း ဘွန်ဒက်စ်လီဂါသို့ တိုက်ရိုက်   တန်းတက်ခွင့်ရပြီး လက်ကျန်တစ်နေရာရရန် ဘွန် ဒက်စ်လီဂါ-၂ မှ အဆင့် (၃) အ သင်းနှင့် ဘွန်ဒက်စ်လီဂါမှ အဆင့်(၁၆)အသင်းတို့ ရှုံးထွက်ကစားရ ခြင်းဖြစ်သည်။

No comments:

Post a Comment