Wednesday, May 29, 2019

ရီးရဲလ်နောက်ခံလူ ရာမို့စ် အသင်းမှ ထွက်ခွင့်တောင်း

ရီးရဲလ်နောက်ခံလူ ရာမို့စ်ဟာ အသင်းကနေ ထွက်ခွာဖို့အတွက် တောင်းဆိုထားတယ်လို့ သိရပါတယ်။ အသင်းခေါင်းဆောင် ရာမို့စ်နဲ့ အသင်းဥက္ကဋ္ဌ ပီရက်ဇ်တို့ကြားမှာ မကျေလည်မှုတွေရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့အတွက် ဥက္ကဋ္ဌပီရက်ဇ်က ရာမို့စ်က ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။ ရာမို့စ်ဟာ အေဂျက်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။


စပိန်သတင်းစာ မာကာရဲ့ အဆိုအရ ရာမို့စ်ဟာ ရီးရဲလ်ကနေ ထွက်ခွာပြီး ကမ်းလှမ်းမှုတွေရှိနေတဲ့ တရုတ်ကလပ်အသင်းတွေမှာ သွားရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

စပိန်နောက်ခံလူ ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်ကတည်းက အသင်းမှာ စတင်ကစားခဲ့တာဖြစ်ပြီး စုစုပေါင်း ပွဲ ၆၀၀ ကျော်ကစားခဲ့ရာမှာ ဆုဖလား ၂၀ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

No comments:

Post a Comment