Monday, May 6, 2019

မြန်မာ ယူ-၁၅ အမျိုးသမီးအသင်း ခြေစမ်းပွဲတွင် ဇွဲကပင်အသင်းကို ရှုံးနိမ့်

အာဆီယံပြိုင်ပွဲအ တွက် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၁၅ အမျိုးသမီး ဘောလုံးအသင်းသည် ခြေစမ်းပွဲ တွင် အမျိုးသမီးလိဂ်ကလပ် ဇွဲက ပင် အသင်းကို ၅-၁ ဂိုးဖြင့် ရှုံးနိမ့်သည်။ေ မလ ၄ ရက် ညနေက သုဝဏ္ဏလေ့ကျင့်ရေးကွင်းတွင် ယှဉ်ပြိုင်သည့် ယင်းခြေစမ်းပွဲ၌  ဇွဲကပင်အသင်းက  ခြေစွမ်းအသာ ဖြင့် မြန်မာယူ-၁၅ အသင်းကို ဖိအားပေးကစားကာ ဂိုးပြတ်အ နိုင်ရရှိသည်။ ယင်းပွဲတွင် မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် ပဏာမကစားသမားအားလုံးကို လူစားလဲလှယ်ကာ ပါဝင်ကစားခဲ့သည်။
  ဇွဲကပင်အမျိုးသမီးအသင်း ၌ မြန်မာ့လက်ရွေးစင်အမျိုးသမီး  ကစားသမား လဲ့လဲ့လှိုင်၊ ယူ-၁၉ အမျိုးသမီးတိုက်စစ်မှူး စန်းသော် သော်၊ ယူ-၁၆ အမျိုးသမီးအသင်း  ကွင်းလယ်လူ ဝင်းဝင်းတို့အပါအ ဝင် ဝါရင့်ကစားသမားအချို့ ပါ ဝင်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၅ အမျိုးသမီး ဘောလုံးအသင်းသည် မေ လ ၉ ရက်မှ ၁၇ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင် ကျင်းပမည့် အသက် (၁၅) နှစ် အောက် အာဆီယံချန်ပီယံရှစ် အ မျိုးသမီး ဘောလုံးပြိုင်ပွဲယှဉ်ပြိုင် ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲအုပ်စု ခွဲဝေမှုအ ရ မြန်မာ ယူ-၁၅ အမျိုးသမီးအ သင်းသည် အုပ်စု (က) တွင် ဗီ ယက်နမ်၊ ဖိလစ်ပိုင်၊ တီမောအ သင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု (ခ) တွင် အိမ်ရှင် ထိုင်း၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားအသင်းတို့ ပါဝင် သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၅ အမျိုးသမီးအသင်းကို နည်းပြချုပ်  အဖြစ် လက်ရွေးစင်ကစားသမား ဟောင်း ဒေါ်မေသူထွန်း၊ လက် ထောက်နည်းပြအဖြစ် ဒေါ်မိုးမိုးဝါ  နှင့် နည်းစနစ်အကြံပေးအဖြစ် ဒေါ်စန်းစန်းသိန်းတို့က တာဝန်ယူ ဆောင်ရွက်နေသည်။  မြန်မာယူ-၁၅ အမျိုးသမီး အသင်းသည် မတ်လဆန်းက လူ ရွေးပွဲကျင်းပပြီး လက်ရှိတွင် ပဏာမ ကစားသမား ၃၀ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေသည်။ မြန်မာယူ-၁၅ အမျိုးသမီးအသင်း သည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်း ပသည့် ၂၀၁၈ အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဗိုလ် လုပွဲ တက်ရောက်နိုင်သော်လည်း  ထိုင်းကို ၁-၀ ဂိုးဖြင့် ရှုံးပြီးဒုတိယ ရခဲ့သည်။

No comments:

Post a Comment