Friday, June 21, 2019

ဖခင်ရဲ့ အရိုးပြာကို လည်ပင်းမှာဆင်မြန်းထားတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ သားသမီးများ

 ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်၏ သားသမီး များသည် ၎င်း၏အရိုးပြာပါဝင် သော ဆွဲသီးများလည်တွင်ဆွဲထား ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ Beat It သီချင်းအဆိုတော် မိုက်ကယ်သည် ၂၀၀၉ ဇွန်လက မေ့ဆေးအဆိပ်မိပြီး သေဆုံးခဲ့ ကာ  ၎င်း၏အလောင်းကို မီး သင်္ဂြိုဟ်ခဲ့သည်ဟု ယုံကြည်ရ သည်။ ယခုအခါ ၎င်း၏အရိုးပြာကို ကွဲနေသောနှလုံးပုံစံဆွဲသီးများ တွင်ထည့်ကာ မိုက်ကယ်၏သမီး များဖြစ်သော ပရင့်စ်မိုက်ကယ် (၂၂ နှစ်)၊ ပဲရစ် (၂၁ နှစ်)နှင့် ဘီ ဂီ (၁၇ နှစ်)တို့က လည်တွင်ဆွဲ၍ ဆောင်ထားသည်။
မိုက်ကယ်၏ အလောင်းကို ဖောရက်စ်ကျွန်း တွင်မြှုပ်နှံခဲ့သည် ဟု လူတိုင်းက ထင်နေသော်လည်း ယင်းသို့ မဟုတ်ဘဲ ၎င်း၏မိသားစု က ဘေးကင်းစေရန် လျှို့ဝှက် ထားကာ မိုက်ကယ်၏ဆန္ဒကို ဖြည့်ပေးနေကြသည်ဟု သတင်း ရင်းမြစ်တစ်ခုက ပြောသည်။ မိုက်ကယ်၏ အရိုးပြာကို ယင်းသို့လည်ဆွဲလုပ်ဆောင်ထား သည့်အကြောင်းနှင့်ပတ်သက်၍ ၎င်း၏သားသမီးတစ်ဦးက ရင်းနှီး သူများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

No comments:

Post a Comment