Friday, June 21, 2019

Seven အခွေအမ်တီဗီကို ယခုနှစ်အတွင်း ထွက်ဖို့ပြင်ဆင်နေတဲ့ တင်ဇာမော်

Seven အခွေ၏ Music Video​ ရိုက်ကူးရေးအားလုံးပြီးစီး ပြီဖြစ်သောကြောင့် ယခုနှစ်အ တွင်း ထွက်ရှိနိုင်ရန် ကြိုးစားနေ ကြောင်း အဆိုတော်တင်ဇာမော် က ပြောသည်။ ‘‘Music Video က အရုပ် တွေရပြီ။ အသံပဲလိုတော့တာ။ ကိုညီလေး(ချစ်စမ်းမောင်)မလုပ် ပေးနိုင်သေးလို့။ အသံရရင် ထွက်​ရုံပဲ။ သေချာတာတော့ ဒီနှစ်ထဲ မှာတော့ MTV ထွက်ဖို့ကြိုးစား မယ်’’ ဟု ၎င်းကပြောသည်။ ယင်းအခွေမထွက်မီ အချို့ သီချင်းများကို အွန်လိုင်း၌တင် ဖြစ်သလို ပြီးခဲ့သည့်ရက်ကလည်း Tay Than Thar Music  ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် အဆိုပါအ ခွေထဲ၌ ပါဝင်သည့် Mr Love သီချင်းအမ်တီဗီကို တင်ပေးခဲ့ ကြောင်း ၎င်းကပြောသည်။



‘‘ရှစ်ခွေမြောက် အကုန် တော့ပြီးသွားပြီ။ အစ်မရဲ့အဆို တွေတော့ ပြန်ဆိုရမယ်။ ဟာမိုနီ ထပ်ရမယ်။ အစ်မကတော့ ရှေ့ နှစ်ဖေဖော်ဝါရီလောက်ကို ထွက် ချင်တာပဲ။ မွေးနေ့အမှတ်တရဆို ပြီးထွက်ချင်တာ။ တတ်နိုင်သ လောက်တော့ ကြိုးစားကြည့် မယ်’’ ဟု တင်ဇာမော်က ပြော သည်။

ထို့အပြင် ၎င်း၏တစ်ကိုယ် တော်ပွဲ Music Video လည်း ထွက်ရန်ရှိပြီး ရှစ်ခွေမြောက် တစ်ကိုယ်တော် ထွက်ရှိပြီးချိန်မှ သာ ထွက်နိုင်မည်ဟုထင်ကြောင်း တင်ဇာမော်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ၎င်း၏ ပရိသတ်များနှင့် စုပေါင်းဖွဲ့စည်း ထားသည့် တူညီတွဲလက်မောင် နှမများပရဟိတအဖွဲ့၏ (၁၀) ကြိမ်မြောက်အလှူကို ဟင်္သာတ မြို့ရှိ ခိုလှုံရာခိုကိုးရာမဲ့ဘိုးဘွား ရိပ်သာ၌ သွားရောက်လှူဒါန်းခဲ့ သည်။ ဇွန်လ ၁၅ ရက်က သွား ရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အ လှူငွေများအပါအ၀င် ဆေးဝါး များ၊ အသုံးအဆောင်များနှင့် အ ၀တ်အထည်များ လှူဒါန်းခဲ့သည်။ ထို့အပြင် ၎င်းတို့အဖွဲ့၌ ဆရာ ၀န်များပါသောကြောင့် အဘိုး၊ အဘွားများကို မျက်စိစစ်ဆေး ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း များ ပြုလုပ်ပေးခဲ့သည်ဟု တင် ဇာမော်က ပြောသည်။ ‘‘ကိုယ်လည်း တစ်နေ့ အိုရ မယ်။ အဲဒီမှာတွေ့ရတဲ့အဘိုး၊ အဘွားတွေက ခိုကိုးရာမဲ့။ ကံ တရားဆိုတာ ဘယ်သူမှမပြောနိုင် ဘူး။ မိဘတွေကို ပစ်ထားတာမျိုး တို့၊ မစောင့်ရှောက်နိုင်တာမျိုးတို့ အဲဒီလိုဘိုးဘွားတွေ တွေ့ခဲ့ရ တယ်။ စိတ်မကောင်းဘူး။ ကိုယ် ကတတ်နိုင်သမျှ ကူပေးရတဲ့အ ပေါ်မှာ ကျေနပ်ပီတိဖြစ်တယ်’’ ဟု တင်ဇာမော်က ပြောသည်။

No comments:

Post a Comment