Friday, June 21, 2019

လပွတ္တာ - ရန်ကုန် ပြေးဆွဲနေသောမြတ်​​ကောင်းကင်​ခရီးသည်​တင်​ကား မီးလောင်ကျွမ်းမှုဖြစ်​ပွား။

Image may contain: one or more people and outdoorဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော မြတ်​​ကောင်းကင်​ခရီးသည်​တင်​ကားမှာ ဇွန်လ ၂၀ ရက်နေ့ည ၁၀ နာရီခွဲခန့်အချိန်တွင် မြောင်းမြ - လပွတ္တာ လမ်းမကြီးပေါ်တွင် မီးလောင်ကျွမ်းမှုဖြစ်​ပွားခဲ့ကြာင်း သတင်းရရှိသည်။ မြတ်ကောင်းကင် ခရီးသည်တင်ကားမှာ ​မြောင်းမြမြို့နယ်အဝင် မုဆိုးကွင်း​ကျေးရွာအနီး မြောင်းမြ - လပွတ္တာလမ်းမကြီးပေါ်ရှိ မိုင်​တိုင်​အမှတ်​ ၄၁/၅ အရောက်တွင် ဘရိတ်ရှူးအပူရှိန်လွန်ကဲမှုကြောင့် ညာဘက်နောက်ဘီးမှ စတင်၍ မီးလောင်ခဲ့ခင်းဖြစ်ကြောင်း မြောင်းမြမြို့နယ် မီးသတ်ဌာနထံမှ သိရသည်။



အဆိုပါ မီးလောင်မှုအား မြောင်းမြမြို့နယ်မီးသတ်ဌာနမှ ဦးစီးမှူး ဦးသန့်ဇင်မင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ
အချိန်မီရောက်ရှိကာ မီးငြိမ်းသတ်ခဲ့သဖြင့် ခရီးသည်နှင့်အခြားပစ္စည်းများ ထိခိုက်မှုမရှိဘဲ ကျပ် ၃ဝဝဝဝ တန်ဖိုးရှိ ကားတာယာတစ်လုံးသာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သတ်၍ ယာဉ်​​မောင်းရန်​ပိုင်​စိုးအား​ မြောင်းမြမြို့မရဲစခန်းမှ(ပ)၄၅၂/၂၀၁၉ ရာဇသတ်​ကြီးဥပဒေပုဒ်​မ - ၂၈၅ အရ အမှုဖွင့်​အ​ရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment