Friday, June 21, 2019

ဂျပန်နိုင်ငံမှာ သီချင်းရောင်းအားကောင်းနေတဲ့ ကိုရီးယားဂီတအဖွဲ့

ကိုရီးယားအမျိုးသမီး အဆိုရှင်အဖွဲ့ TWICE သည် ၂၀၁၉ ပထမနှစ်ဝက်တွင် ဂျပန် နိုင်ငံ၌ ရောင်းအားအကောင်းဆုံး ကိုရီးယားအဆိုတော်အဖွဲ့ဖြစ် လာသည်။ ဂျပန်မီဒီယာများက နံပါတ် (၁)အာရှအမျိုးသမီးအဖွဲ့ဟု ကင်ပွန်းတပ်ထားသော TWICE အဖွဲ့သည် #TWICE 2 ဟု အ မည်ပေးထားသော ဂျပန်သီချင်း ခွေနှင့် Fancy You ဟုခေါ်သော ကိုရီးယားဘာသာသီချင်းခွေနှစ် ခွေရောင်းချမှုမှ ဂျပန်ယန်း၂ ဒသမ ၄၈ ဘီလီယံ(ကန်ဒေါ်လာ ၂၃ သန်း)ရရှိခဲ့သည်။ ယင်းအတွက် Oricon သတင်းဌာန၏ရောင်းအားအကောင်းဆုံး အနုပညာရှင်စာရင်းတွင် TWICE အဖွဲ့ နံပါတ်(၄)ချိတ်ပြီး ကိုရီး ယားအဖွဲ့များထဲ၌ နံပါတ် (၁) ဖြစ်ခဲ့သည်။ ကမ္ဘာကျော် BTS အဖွဲ့၏ ဂျပန်ရောင်းအားသည် ကန်ဒေါ် လာ  ၁၈ သန်းသာ ရောက်ရှိပြီး TWICE ကို လိုက်မမီခဲ့ပေ။

No comments:

Post a Comment