Friday, June 21, 2019

ကိုယ်နဲ့မလိုက်ဖက်တဲ့ဇာတ်ရုပ်ကို လိုက်ဖက်အောင်ကြိုးစားမယ်ဆိုတဲ့ နေတိုး

‘ကျွန်တော့်ရဲ့သူ’ ရုပ် ရှင်ကို ဇူလိုင်တွင် စတင်ရိုက်ကူး မည်ဖြစ်ကြောင်း  သရုပ်ဆောင် နေတိုးက ပြောသည်။ ယင်းဇာတ်ကားကို ဒါရိုက် တာနေဟိန်းက ရိုက်ကူးမည်ဖြစ် ပြီး နာဂစ်မုန်တိုင်းကိုအခြေခံထား  သည့် ဇာတ်လမ်းဖြစ်ပြီး ၎င်းနှင့် မိုးဟေကိုတို့ အဓိကပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။ ‘‘ကျွန်တော်တို့က အရှေ့မှာ  ဒါရိုက်တာကြီးတွေနဲ့ ရိုက်တဲ့ ဇာတ်လမ်းတွေရှိတယ်၊ ဒါရိုက် တာအငယ်တွေနဲ့ ရိုက်တဲ့ဇာတ် လမ်းတွေရှိတယ်၊ နောက်ထပ် Generation တွေနဲ့ ရိုက်တဲ့ဇာတ် လမ်းမျိုးတွေလည်းရှိလာတယ်။ 
အဲဒီထဲမှာမှ ကျွန်တော်တို့ ရိုက် ချင်တဲ့ဇာတ်လမ်းအမျိုးအစားကို မှ နောက် Generation တွေနဲ့ ဖန် တီးတာမျိုးလေးတွေရှိသလို ကျွန် တော်တို့မရိုက်ဖူးသေးတဲ့ ဇာတ် လမ်းတင်ပြမှုအသစ်တွေကို ဒါ ရိုက်တာကြီးတွေနဲ့ ရိုက်တာမျိုး ရှိတယ်။ ပရိသတ်ကို အပြောင်းအလဲဖြစ်အောင်အမျိုးမျိုးစဉ်းစား ပြီး ရွေးချယ်ကြရတာပေါ့’’ဟု နေ တိုးကပြောသည်။

လာရောက်ကမ်းလှမ်းသည့် ဇာတ်လမ်းတိုင်းကို ကောင်းတိုင်း ရိုက်ကူးလေ့မရှိဘဲ သေချာစိစစ်ရ သည်ဟု ၎င်းကပြောသည်။

‘‘ကာရိုက်တာပိုင်းက ကိုယ့် အနေနဲ့ ဇာတ်လမ်းကောင်းပေ မယ့် ကာရိုက်တာကနည်းနည်း လေးများနေပြီလားဆိုပြီး ရွေး ချယ်ရတာမျိုးလည်း ရှိတယ်။ ထပ်ကာထပ်ကာ ဒီအကြောင်းအ ရာတွေပဲ ရိုက်နေမှာထက်စာရင် ဇာတ်လမ်းပြောင်းသွားတယ်ဆို ရင် သရုပ်ဆောင်မှုကလည်း ရာ ခိုင်နှုန်း တော်တော်များများ ပြောင်းလဲပြီး သရုပ်ဆောင်ခွင့်ရ တယ်ဆိုတော့ အဲဒီလိုသရုပ် ဆောင်ခွင့်ရအောင်တော့ အများကြီးဇာတ်လမ်းရွေးချယ်မှုအပိုင်း လုပ်ရပါတယ်’’ဟု နေတိုးက ပြောသည်။

မိုရီဆာကီဝင်းနှင့် တွဲဖက် ရိုက်ကူးရန် မီဒီယာ 7 ကကြိုးစား နေသကဲ့သို့ ပထမဦးစွာတည် ထားသည့်ဇာတ်လမ်းသည် ဆင် ဆာနှင့် ငြိစွန်းနေသောကြောင့် ဒုတိယဇာတ်လမ်းကို  ဇာတ်ညွှန်း ရေးဆရာက  ပြန်လည်တည် ဆောက်နေကြောင်း၊ ယင်းဇာတ် ကားကို ယခုနှစ်အတွင်း ရိုက်ကူး ရန်တည်ထားပြီး ၎င်းနှင့် မိုရီဆာ ကီဝင်းနှစ်ဦးစလုံး၏ ကာရိုက်တာ ကို ချိန်းသွားမည့်ပုံစံမျိုးဖြစ် ကြောင်း နေတိုးကပြောသည်။ ‘‘ဒါရိုက်တာက သြရသဖြစ် မယ်။ ကျွန်တော်တို့နဲ့ လိုက်ဖက် တဲ့ ဇာတ်ကောင်ဆိုတာထက်ကို  ကျွန်တော်တို့ကိုယ်တိုင်က စိန် ခေါ်မှုမြောက်မြားစွာနဲ့ ရိုက်ကူး ရမယ့်၊ အရမ်းကြီးကြိုးစားရမယ့် ဇာတ်ကောင်ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်း လောက်များတယ်။ ကျွန်တော်တို့ က ကိုယ်နဲ့လိုက်ဖက်တာတွေကို လုပ်ခဲ့တာများပြီ။ အခုက ကိုယ်နဲ့ မလိုက်ဖက်တာကို လုပ်တာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်နဲ့ မလိုက်ဖက်တာကို လိုက်ဖက် အောင်ကြိုးစားဖို့ ပိုများပါတယ်’’ ဟု နေတိုးကပြောသည်။

No comments:

Post a Comment