Friday, June 21, 2019

KIA အဖွဲ့မှထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာ၊ ရပ်ကွက်(၁)ရှိ KBC တိုက်ပွဲရှောင်စခန်းနေ ဒေါ်နန်ရှန်(ဘ) ဦးမနန်ဂမ်သည်မြေးဖြစ်သူ မခေါန်ဂျာ(ဘ)ဦးဟူးခေါန်နှင့်အတူ ဇွန် ၁၈ ရက် ညနေ ၄ နာရီခန့်တွင် တောထဲသို့ သစ်ကြံပိုးခေါက်ရှာရန် သွားရောက်စဉ် ဘော်နွယ်ကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ KIA အဖွဲ့မှထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်နန်ရှန်သည် မိုင်းထိဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး မခေါန်ဂျာတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါမိုင်းထိ ဒဏ်ရာများ ရရှိခဲ့သူ မခေါန်ဂျာအား နမ့်ခမ်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment