Friday, June 21, 2019

ရခိုင်သွားတောလား

ပြီးခဲ့သည့်ရက်ပိုင်းက လုပ် ဖော်ကိုင်ဖက်တစ်ဦး နှင့်အတူ  ရခိုင်ပြည် နယ်ကို    အလုပ်ကိစ္စတစ်ခုဖြင့် သွားစရာ     အကြောင်းဖန်လာ သည်။ အလုပ်ကိစ္စမြန်ဆန်စေရန် အသွားခရီးကို လေကြောင်းဖြင့် သွား၊ အပြန်ကိုတော့ ကားလမ်းမှ ပြန်လာရန် နှစ်ယောက်တိုင်ပင် စီစဉ်ခဲ့သည်။ေ လယာဉ်လက်မှတ်ခက တော့ သာမန်ခရီးသွားများအ တွက် စဉ်းစားရမည့်အနေအ ထား။ ကျပ်ခြောက်သောင်းကျော်  မှ ရှစ်သောင်းစွန်းစွန်းရှိသည်။ ကားလက်မှတ်ခနှင့် နှိုင်းပါ က သုံး၊ လေးဆခန့်ကွာသည်။ ကားခက တစ်ယောက်ကို နှစ် သောင်းကျော်လောက်ကျသည်။



ရန်ကုန်မှစစ်တွေအသွားက တော့ သက်သောင့်သက်သာပင်။ မြန်မာအမျိုးသားလေကြောင်း (MNA) ဖြင့် တစ်နာရီသာသာ စီးနင်းပြီး အနောက်တံခါးမြို့တော် ဆီ ရောက်ရှိသွားသည်။

အလုပ်ကိစ္စဖြင့် ယခင်က မကြာခဏ ရခိုင်သွားလာနေရ သည့် ကျွန်တော့်အဖို့ကတော့စိမ်း ပြာနေသည့် ပင်လယ်ရေပြင် ကျယ်ကြီးအပါအဝင် လေယာဉ် အပေါ်မှ မြင်တွေ့ရသည့်ရခိုင်ဒေ သမြင်ကွင်းများမှာ သိပ်မထူးဆန်း လှ။ ရခိုင်ဇာတိဖြစ်သည့်လုပ်ဖော် ကိုင်ဖက် မိတ်ဆွေအတွက်လည်း ထိုနည်းတူပင်။

စစ်တွေလေဆိပ်မှအထွက် မြို့ထဲသို့ အသွားမှာတော့ ကျွန် တော်ရခိုင်နောက်ဆုံးရောက်ရှိခဲ့ သည့် လွန်ခဲ့သည့်သုံးနှစ်ခန့်နှင့်မ တူ။ သစ်ဆန်းနေသည့်မြင်ကွင်း တစ်ခုကို တွေ့လိုက်ရသည်။

အောက်အရပ်မြို့အတော် များများတွင် တွင်ကျယ်စွာအသုံး ပြုနေပြီး ‘မီနီအိုးဝေ’ ဟုခေါ်ကြ သည့် အိန္ဒိယနှင့်တရုတ်ထုတ် သုံး ဘီးဆိုင်ကယ်လေးများ နေရာအနှံ့ ဥဒဟို သွားလာနေကြခြင်းဖြစ် သည်။

သုံးဘီးဆိုင်ကယ်လေးများ မပေါ်မီ ယခင်ကစစ်တွေမြို့တွင် ဆိုင်ကယ်ကယ်ရီနှင့် တုတ်တုတ် ခေါ် သုံးဘီးများကို သွားလာရေး အတွက် အားထားကြရသည်။ ယခုတော့ ချစ်စရာသုံးဘီးဆိုင် ကယ်ငယ်လေးများက နေရာယူ ထားပြီ။

ကျွန်တော်တို့ ကိုယ်တိုင် လည်း မိတ်ဆွေတစ်ဦး စေလွှတ် ထားသည့် အိန္ဒိယထုတ် bajaj re သုံးဘီးဆိုင်ကယ်လေးနှင့် တည်းခို မည့်နေရာဆီ ထွက်ခွာခဲ့ကြသည်။

မိတ်ဆွေဖြစ်သူသည် ယခင် က ဝန်ထမ်းတစ်ယောက်ဖြစ် သည်။ လွန်ခဲ့သည့်သုံးနှစ်ခန့်က ဝန်ထမ်းဘဝမှ နုတ်ထွက်ပြီး သုံး ဘီးမောင်းသမားအဖြစ် မိသားစု ကို ရှာဖွေကျွေးမွေးနေသူဖြစ် သည်။ သူကတော့ ယခင်ထက် ပိုအဆင်ပြေသည်ဟု ဆိုသည်။

‘‘တစ်ရက်နှစ်သောင်းလည်း ရတာပဲ။ မမောင်းချင်အိမ်မှာထိုး အိပ်နေလည်းရတယ်’’

မိတ်ဆွေဖြစ်သူက မျက်နှာ ပြုံးစစ ဂုဏ်ယူနေဟန်ဖြင့်ကြွား သည်။

မိတ်ဆွေစီစဉ်ပေးသည့်ဈေး တန်သော တည်းခိုခန်းတစ်ခုမှာ အထုပ်အပိုးများချ၊ ကျောဆန့် ခြေဆန့်ခဏလုပ်ပြီး ကျွန်တော်တို့ ညစာထမင်းစားရန်လမ်းလျှောက် ထွက်လာခဲ့သည်။

ရခိုင်ပြည်နယ်ကို ကျွန်တော် ကြိုက်နှစ်သက်သည့်အကြောင်း အရာများတွင် အစားအသောက် လည်းပါသည်။ ထမင်းဆိုင်များ မှာ ချက်ပြုတ်ထားသည့်ဟင်းများ က အရသာရှိလှသည်။ ရန်ကုန် တွင် ကျွန်တော်တို့စားသောက်နေ ရသည့်ဆိုင်များနှင့် လက်ရာကွာ လွန်းသည်ဟုလည်း ခံစားရ သည်။ ရခိုင်ထမင်းဆိုင်များမှာ ကျွန်တော်အကြိုက်ဆုံးဟင်းက ငရုတ်သီးတောင့်အနီကို ကြိတ်ပြီး အနှစ်လုပ်ချက်ထားသည့် ကြက် သားဟင်းနှင့် ဝတုတ်လို့ရခိုင်လို ခေါ်သည့် မျှစ်ဟင်း။ ကြက်သား ဟင်းတစ်ပွဲလျှင် အတုံးကြီးကြီး တစ်ဖဲ့သာပါသည်။ နူးအိနေ သည်။ မျှစ်ကလည်းချိုလွန်းလှ သည်။ ကြက်သားဟင်းနှင့်မျှစ်ဖြင့် ထမင်းကိုနယ်ဖတ်ပြီး ငရုတ်ကြိတ် ဟုခေါ်သည့် ရခိုင်ငရုတ်သီး ထောင်းနှင့် ရှူးရှဲမြည်စားနေသည့် ကျွန်တော့်ကိုကြည့်ရင်း လုပ်ဖော် ကိုင်ဖက်ပင် သဘောကျစွာပြုံး သည်။

‘‘မုန့်တီစားဦးမလား’’ ဟု သူ ကမေးသည်။ မှန်သည်။ ရခိုင်ဒေ သတွင် ရောင်းချနေသည့် မုန့်တီ လက်ရာမှာလည်း ရန်ကုန်အပါအ ဝင် အခြားအရပ်တွင် ရောင်းနေ သည့် မုန့်တီလက်ရာနှင့် ကွာခြား လွန်းလှသည်ဟု ကျွန်တော်ထင် သည်၊ ရခိုင်ပြည်နယ်တွင် လမ်း ဘေးဆိုင်ငယ်လေးများတွင်ပင် မုန့်တီက စားကောင်းလှသည်။ မုန့်တီချက်သည့် ငါးနှင့်ငါးပိအ သုံးပြုမှုကွာခြားသည့်အတွက် ဖြစ်သည်ဟု ရခိုင်မိတ်ဆွေအချို့ က ပြောဖူးသည်။

ဗိုက်အင့်နေအောင် ညစာ စားအပြီးမှာတော့ အလုပ်ကိစ္စ ကျောက်တော်၊ မြောက်ဦး၊ မင်း ပြားဘက်သွားရန် စနည်းနာကြ သည်။ ကိုယ့်ကိစ္စက အချိန်က အစ လိုင်းကားနှင့်သွားရန်အဆင် မပြေ။ ကားငှားရန်စုံစမ်းရာ လုံခြုံ ရေးအခြေအနေအရ သိပ်မလိုက် လိုကြ။ တစ်စီးတလေလိုက်မည် ဆိုသော်လည်း အန္တရာယ်များ သည်ဆိုကာ ဈေးတင်တောင်းကြ သည်။ နောက်ဆုံးတော့ ကားစုံ စမ်းပြီး စိတ်မောနေသည့် ကျွန် တော်တို့ကိုကြည့်ပြီး မိတ်ဆွေဖြစ် သူက သူ့သုံးဘီးဖြင့်လိုက်ပို့မည်ဟု ဆိုသည်။

စစ်တွေမှ မင်းပြားအထိဆို လျှင် သွားရမည့်ခရီးက မိုင် ၁၀၀ ကျော်၊ နေ့ချင်းပြန်မည်ဖြစ်၍ အ သွားအပြန် မိုင် ၂၀၀ ကျော်၊ လမ်းတွင် ဝင်ရမည့်နေရာများ လည်းရှိနေသေးသည်။ သွားမည့် မြို့နယ်များမှာလည်း ညမထွက် ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သည့် ဒေသများ။ တိုက်ပွဲဖြစ်နေ သဖြင့် လုံခြုံရေးစိတ်မချရဟုနယ် ခံများက သတိပေးထားသည်။ ကားပင်မလိုက်လိုသည့် လမ်းခရီး ကို ယခုတော့ သုံးဘီးဖြင့်သွားရန် အကြောင်းကဖန်လာသည်။ မ တတ်နိုင်တော့။ ကျွန်တော်တို့တစ် ယောက်မျက်နှာ တစ်ယောက် ကြည့်၊ သက်ပြင်းမှုတ်ထုတ်ရင်း နောက်တစ်နေ့နံနက်စောစော သုံးဘီးဖြင့်ပင် သွားရန်စီစဉ်ရ တော့သည်။

ယခုတစ်ကြိမ် ရခိုင်ခရီးတွင် တစ်ခုသတိပြုမိသည်မှာ လမ်း များ ယခင်ထက်ကောင်းလာခြင်း ဖြစ်သည်။ ဟိုယခင်က ချိုင့်ခွက် များ မကြာခဏတွေ့ရသည်။ ရန်ကုန်-စစ်တွေကားလမ်းတွင် နေရာအတော်များများမှာ ချော မွေ့ဖြောင့်ဖြူးနေသည်။ သို့သော် မြောက်ဦးနှင့် မင်းပြားကြားတွင်မူ သိပ်မထူးခြားလှ။ ချိုင့်ခွက်များ ကြောင့်အတော်သတိထားမောင်း ရသည်။ ရန်ကုန်-စစ်တွေကား လမ်းနံဘေးဝဲယာတွင်တော့ စိမ်း စိုနေသည့် လယ်ကွင်းများကစိတ် ကိုရွှင်လန်းစေသည်။ ဘင်္ဂါလီ ကျေးရွာအချို့ကိုဖြတ်သန်းသွား စဉ် ယခင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များက အလိုလိုအတွေးထဲရောက် လာသည်။ ‘‘အမြန်အေးချမ်းပါစေ ရခိုင်မြေ’’ ဟု ဆုတောင်းမိသည်။

သို့သော် ရခိုင်ပြည်နယ်မှာ မငြိမ်းချမ်းသေး။ လက်ရှိဖြစ်ပွား နေသည့် တပ်မတော်နှင့် AA တိုက်ပွဲများ၏ အကျိုးဆက်ကို ဒေသခံများက ခံစားနေရဆဲဖြစ် သည်။ မြောက်ဦးနှင့်မင်းပြား ကြား ကားလမ်းနံဘေးရှိ ယခင် စည်ကားနေသည့် ကျေးရွာအချို့ မှာလည်း ခြောက်ကပ်တိတ်ဆိတ် နေသည်။

ကျွန်တော်တို့ကတော့ လုပ် စရာရှိသည့်အလုပ်ကို အမြန်လုပ် ရသည်။ ၁၄၄ နှင့် မတိုးအောင်နေ မဝင်ခင် အိပ်စက်မည့်နေရာပြန်ရ ဦးမည်မဟုတ်လား။

ခရီးပန်း၊ အလုပ်ပန်းသော် လည်း သွားလာလှုပ်ရှားနေရပါက ပျော်ရွှင်နေသည့် ဗီဇကြောင့် လူ ကလန်းဆန်းနေသည်။

 အလုပ်ကိစ္စများကြောင့် ရခိုင်မြောက်ပိုင်းဒေသတွင် သုံး ရက်ကြာခဲ့သည်။ သာစွဌာနေ ရခိုင်ပြည်ကို နှုတ်ဆက်ရတော့ မည်။ အချိန်မရတော့သဖြင့် စစ် တွေမှ နာမည်ကျော် Viewpoint သို့သွား၍ ဘင်္ဂလားပင်လယ်အော် အလှခံစားရန် စိတ်ကူးကိုစွန့် လွှတ်ခဲ့ရသည်။ နောက်တစ်ကြိမ် တွင် ရောက်အောင်သွားမည်ဟု လည်း တေးထားသည်။

ထို့နောက် အပြန်ခရီးအ တွက် ကားလက်မှတ်စုံစမ်းရ သည်။ ရန်ကုန်-စစ်တွေအဝေး ပြေးကားများက ပြည်မတွင်ပြေး ဆွဲနေသည့် ယာဉ်လိုင်းများလို ကားအကောင်းစားများမဟုတ်။ မိတ်ဆွေအချို့က သူတို့စီးဖူးသည့် ကောင်းသည်ဆိုသော ယာဉ်လိုင်း များကို ညွှန်းကြသည်။

ကျွန်တော်တို့ လက်မှတ်ရ သည့် ယာဉ်လိုင်းမှကားကတော့ သိပ်မကောင်း။ အဲကွန်းကလည်း မရ။ သို့သော် မတတ်နိုင်။ အိမ် ပြန်ရောက်ရန်သာ အရေးကြီး သည်မဟုတ်လား။

ရန်ကုန်သို့ဦးတည်၍ အဝေး ပြေးကားက နံနက် ၅ နာရီခွဲခန့် တွင် စစ်တွေမှစတင်ထွက်သည်။ ၂၅ နာရီခန့်မောင်းနှင်ပြီးနောက် တစ်နေ့နံနက်မှ မဟာရန်ကုန်သို့ ဆိုက်ရောက်မည်ဖြစ်သည်။ လမ်း ခရီးဂိတ်ငါးခုလောက်တွင် မှတ်ပုံ တင်စစ်ဆေးသည်။ အမ်း-မင်းဘူးတောင်ကြားလမ်း ရိုးမအထက် တွင်လည်း တစ်ခါစစ်သည်။

မှတ်ပုံတင်စစ်ဆေးနေစဉ် အနီးဈေးဆိုင်ငယ်လေးများကို လျှောက်ကြည့်ရာ ကျွန်တော် ကြိုက်သည့် ဝတုတ်(မျှစ်) တွေ့ သည်။ ဈေးမေးကြည့်ရာ ဈေး သည်အမျိုးသမီးက အစိတ်သား ခန့်ရှိမည့်အပုံကို လက်ညှိုးထိုး ရင်း ‘‘တစ်ထောင်’’ ဟု ပြော သည်။ ‘‘တအားချိုတယ်’’ ဟု လည်း သူညွှန်းသည်။ စောင့်ကြိုနေမည့်အိမ်သူ သက်ထားအတွက် ကျွန်တော် ဝတုတ် (မျှစ်) တစ်ထောင်ဖိုးဝယ် ခဲ့သည်။ ရခိုင်အပြန်လက်ဆောင် ကို သူလည်းကြိုက်နှစ်သက်မည် ထင်ပါသည်။

No comments:

Post a Comment