Friday, June 21, 2019

ယာဉ်အားမဆင်မခြင်မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ နေအိမ်အဆောက်အဦအား ဝင်တိုက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်၊ ကျွဲသိုးမြှောင် ကျေးရွာ၊ မင်းဘူး-မကွေး ကားလမ်း၊ မိုင်တိုင်အမှတ် ၂/၂ နှင့် ၂/၃ကြားတွင် ဇွန် ၁၉ ရက် ညနေ ၄နာရီခွဲအချိန်က ယာဉ်အား မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိမ်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ နေအိမ်အဆောက်အဦအား ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မင်းဘူး မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာမင်းဘူးဘက်မှ မကွေးဘက်သို့မင်းဘူးမြို့နယ်၊ မကျီးစုကျေးရွာနေ မြင့်သူ(၃၀)နှစ်၊ တစ်ဦးတည်း မောင်းနှင်လာသည့် လီဖန်းအပြာရောင် ဖောကားမော်တော်ယာဉ် သည်အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ ဦးမောင်အေး၏ လေးပင်သုံးပင်ထရံကာ သွပ်မိုး နှစ်ထပ် အိမ်အောက်ထပ်အား ဝင်ရောက်တိုက်မိပြီး လူများတွင် ထိခိုက်ဒဏ်ရာ မရရှိသော်လည်း မော်တော်ယာဉ်နှင့် နေအိမ်အဆောက်အဦအပါအဝင် နေအိမ်ရှိ ပစ္စည်းများ ပျက်စီးခဲ့ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ မြင့်သူအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment