Friday, June 21, 2019

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသူများ မာဖီးယား မဟုတ်ဘဲ မြန်မာလုပ်သားများသာဖြစ်ဟုဆို

ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ရှိ ပသူနန်းနယ်မြေတွင် မြန်မာ မာဖီးယားဂိုဏ်းဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရသူ များသည် မာဖီးယားများမဟုတ် ဘဲ မြန်မာလုပ်သားများသာဖြစ် ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာ ဂေါ်ရခါးစာပေနှင့်  ယဉ်ကျေးမှုအဖွဲ့က  ပြောသည်။  ပသူနန်းနယ်မြေတွင် မြန်မာ မာဖီးယားများရှိသည်ဆိုကာ  မြန် မာဂေါ်ရခါးလူမျိုးတစ်ဦးက ထိုင်း ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြား မှုကြောင့် မြန်မာလုပ်သားများ ဖမ်းဆီးခံရကြောင်း မြန်မာဂေါ် ရခါးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ က ပြောသည်။



အဆိုပါနယ်မြေတွင် ဈေး ရောင်းချနေသော မြန်မာလုပ်သား များထံ မြန်မာမာဖီးယားဂိုဏ်းအ ဖွဲ့က တရားမဝင် ငွေကြေးတောင်း ခံနေသည်ဟု ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခြင်းဖြစ်ကြောင်း မြန်မာဂေါ်ရခါးစာပေနှင့် ယဉ်ကျေးမှုအ ဖွဲ့ အတွင်းရေးမှူး လေမြင့်နိုင်က ပြောသည်။

‘‘ထိုင်းရဲတပ်ဖွဲ့က ဖမ်းတယ် ဆိုတာ သတင်းပေးတဲ့သူက မြန် မာမာဖီးယားပါဆိုပြီး သတင်းပေး တယ်။ လိမ်လည်ပြီးမှ တိုင်ထား တာပေါ့’’ဟု လေမြင့်နိုင်က ပြော သည်။

အဆိုပါဖြစ်စဉ်ကို ထိုင်း သတင်းဌာနများက မြန်မာမာဖီး ယားဂိုဏ်းဟု ရေးသားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခံရသူများတွင် ဂေါ် ရခါးလူမျိုးများ ပါဝင်ပြီး လက်ရှိ၌ ထိုင်းရဲတပ်ဖွဲ့က တစ်ဦးသာ ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်မြန်မာလုပ်သားများကို ပြန်လွှတ်ပေးခဲ့ ကြောင်း မြန်မာဂေါ်ရခါးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပြောသည်။

‘‘လိမ်လည်ပြီး အတိုင်ခံရ တာ။ အဖမ်းခံရတဲ့ ကလေးတွေ က ကောင်းကောင်းမွန်မွန် လုပ် ကိုင်နေကြတဲ့ ကလေးတွေ။ ရဲတွေဝင်ဖမ်းတာဆိုတာလည်း မြေကြီး ပေါ် မှောက်ခိုင်းပြီး လက်ကို နောက်ပြန်တပ်ဖမ်းတာ’’ ဟု ပသူ နန်းနယ်မြေတွင် နေထိုင်အလုပ် လုပ်ကိုင်နေသော ဂေါ်ရခါးလူမျိုး ကိုရစ်ကီက ပြောသည်။  ဇွန်လ ၁၈ ရက်တွင် ထိုင်းခရီး သွားရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်း ပြီးနောက် ဖမ်းဆီးခံရသောမြန်မာ လုပ်သားများကို ဘန်ကောက်ပို့စ် အပါအဝင် ထိုင်းသတင်းဌာနများ က မြန်မာမာဖီးယားဂိုဏ်းဟု သုံး နှုန်းပြီး ၎င်းတို့က ပသူနန်းနယ်မြေ ၌ ဈေးရောင်းချနေသော မြန်မာ လုပ်သားထံ နည်းမျိုးစုံဖြင့် ငွေ ကြေးတောင်းခံခြင်း၊ စာရွက်စာ တမ်းအထောက်အထားများ ပြည့် စုံမှုရှိ၊ မရှိ စစ်ဆေးပြီး ငွေကြေး တောင်းခံခြင်း  ပြုလုပ်နေသည့် အဖွဲ့ဖြစ်ကြောင်း  ရေးသားသည်။

No comments:

Post a Comment