Friday, June 21, 2019

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသများတွင် မိုးနှင့်လေပြင်း သတိပြုရန်လို

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံကမ်းခြေကို ဖြတ် ကျော်ဝင်ရောက်နိုင်သော်လည်း မြန်မာ့ကမ်းရိုးတန်းဒေသများတွင် မိုးကောင်းနိုင်ကြောင်း မိုးလေ၀ သပညာရှင်ဒေါက်တာထွန်းလွင် က သတိပေးသည်။ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဇွန်လ ၁၉ ရက် ညကစကာ လေဖိအားနည်းရပ် ၀န်းဖြစ်ပေါ်နေပြီး ယနေ့(ဇွန်လ ၂၁ ရက်)(သို့မဟုတ်) ၂၂ ရက်တွင် အိန္ဒိယနိုင်ငံကမ်းခြေသို့ ၀င်ရောက်နိုင်ကြောင်း ၎င်းက ခန့် မှန်းသည်။



‘‘လက်ရှိအခြေအနေအရ တော့ လေဖိအားနည်းရပ်ဝန်းက အိန္ဒိယဘက်ကို သွားနေတယ်။ မြန်မာမှာတော့ ကမ်းရိုးတန်းဒေ သတွေအားလုံး မိုးကောင်းနိုင် တယ်’’ ဟု ဒေါက်တာထွန်းလွင်က သတိပေးသည်။

လေဖိအားနည်းရပ်ဝန်းအ ရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း ဒေသများနှင့် ပင်လယ်ပြင်တွင်  လှိုင်းနှင့်လေသတိပြုရန် မိုးလေ၀ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတိပေးထားသည်။လေ တိုက်နှုန်း တစ်နာရီလျှင် ၃၅မိုင်မှ မိုင် ၄၀ နှင့် လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ကြောင်း သတိပေး သည်။ ထို့အပြင် ဒေသအများ အပြားမိုးရွာနိုင်ပြီး ရခိုင်နှင့် မွန် ပြည်နယ်တွင် နေရာကွက် မိုးကြီး နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  သတိပေးထားသည်။ ယခု လေဖိအားနည်းရပ်ဝန်း သည် ၂၀၁၉ မိုးရာသီ၌ ဘင်္ဂလား ပင်လယ်အော်အတွင်း ဒုတိယ မြောက်ဖြစ်ပြီး ပထမအကြိမ် လေ ဖိအားနည်းရပ်ဝန်းသည် အင် အားပြင်းဆိုင်ကလုန်း မုန်တိုင်းအ ဖြစ် အိန္ဒိယနိုင်ငံသို့ ၀င်ရောက်ခဲ့ သည်။ မေလဆန်းက ဖြစ်ခဲ့  သော ယင်းမုန်တိုင်းကို ဖန်နီဆိုင် ကလုန်းမုန်တိုင်းဟု အမည်ပေးခဲ့ ပြီး အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လူအချို့သေဆုံးကာ နေအိမ်အဆောက်အအုံပျက်စီး မှုများရှိခဲ့သည်။

No comments:

Post a Comment