Friday, June 21, 2019

ရန်ကုန်တိုင်းတွင် ဇွန် ၂၂ ရက်စတင်၍ မီးပုံမှန်ပြန်ပေးမည်

ရန်ကုန်တိုင်းမှာ ဇွန် ၂၂ ရက်ကစပြီး အလှည့်ကျ ၀န်အားလျှော့ချတာ မလုပ်တော့ဘဲ   ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ခရိုင်နဲ့ မြို့နယ်တွေမှာ ဇွန် ၂၂ ရက် စနေနေ့ကစပြီး အလှည့်ကျ ၀န်အားလျှော့ချတာတွေ ဆောင်ရွက်မှုမပြုတော့ဘဲ၊ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမယ်။



မဖြစ်မနေ ထိန်းသိမ်းပြုပြင်ရမယ့် အရေးပေါ်အခြေအနေမျိုးမှာပဲ ဓာတ်အားပိတ်ချိန် အနည်းဆုံးနဲ့သာ ယာယီဓာတ်အားပိတ်ပြီး လုပ်ငန်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ တတိယပတ်ကစပြီး ဓာတ်အားသုံးစွဲမှု တိုးတက်များပြားလာတာ၊ ဓာတ်အားထုတ်လုပ်မှု လျော့နည်းကျဆင်းလာတာတွေကြောင့်  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ အလှည့်ကျဝန်အား လျှော့ချတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဓာတ်အားရရှိမှု အခြေအနေအရ ပြည်သူတွေ အခက်အခဲအချို့ ဖြစ်ပေါ်ခဲ့ရပြီး မိုးဦးရာသီကာလရောက်ရှိလာပြီ ဖြစ်လို့ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွေလည်း ဓာတ်အားတွေ တိုးတက်ထုတ်လုပ်ပေးနိုင်ဖို့ အလားအလာ ရှိနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

No comments:

Post a Comment