
MIU ဖူဆယ် အသင်းအ တွက် အနိုင်ဂိုးများကို ပြည့်ဖြိုး အောင်(၃)က လေးဂိုး၊ ခင်ဇော် လင်းက နှစ်ဂိုး၊ စိုင်းဘုန်းအောင်၊ ကျော်ကျော်ထွန်းနှင့် ဟိန်းမင်းစိုး တို့က တစ်ဂိုးစီသွင်းယူခဲ့သည်။ MIU အသင်းသည် ဇွန်လ ၁၈ ရက်က ယှဉ်ပြိုင်သည့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲအဖွင့်ပွဲတွင် မလေးရှားကလပ် မာလာကာယူ နိုက်တက်ကို ၇-၂ ဂိုးဖြင့် အနိုင်ရခဲ့ သည်။ ၂၀၁၉ အာဆီယံဖူဆယ် ကလပ်ပြိုင်ပွဲတွင် အသင်းခြောက် သင်းက အုပ်စုနှစ်ခုခွဲ၍ ယှဉ်ပြိုင် ပြီး အုပ်စု(ခ)ပွဲစဉ်များအပြီးတွင် MIU အသင်းက ရမှတ်ခြောက် မှတ်ဖြင့် အုပ်စု ပထမ၊ ဒေါင်း တောင်းစပေါ့အသင်းက ရမှတ် သုံးမှတ် ဒုတိယနေရာဖြင့် အကြို ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ သည်။ အာဆီယံဖူဆယ်ကလပ် ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များကို ဇွန်လ ၂၂ ရက်၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲများကို ဇွန်လ ၂၃ ရက် တွင် ကျင်းပမည်ဖြစ်သည်။
No comments:
Post a Comment