Friday, June 21, 2019

ဘတ်စ်ကားမှတ်တိုင်များတွင်YBS ငွေပေးချေကတ်များပါရောင်းချမည့်နေရာများ ထည့်သွင်းတည်ဆောက်မည်

  ဘတ်စ်ကား မှတ်တိုင်များတွင် YBS ငွေပေးချေ ကတ်များပါ ရောင်းချမည့်နေရာ များ ထည့်သွင်းတည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိ ရသည်။ ယခုနှစ်အတွင်း YBS ယာဉ် လိုင်းများတွင်E-Ticket စနစ် စတင် ကျင့်သုံးနိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေး မှူး ဦးလှအောင်က ဇွန် ၁၉ ရက် YRTA (ရုံးချုပ်)တွင် ပြုလုပ် သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ တွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။



""ရန်ကုန်မြို့မှာ ဘတ်စ်ကား မှတ်တိုင်ကို င်္FMI Decaux ကုမ္ပ ဏီနဲ့ ရန်ကုန်စည်ပင်နဲ့ အဆင့်မြှင့် တဲ့ မှတ်တိုင်တွေ တွေ့ပါလိမ့်မယ်။အဲဒီလိုမှတ်တိုင်တွေကို နေရာရွေး တဲ့အခါမှာ လက်မှတ်ရောင်းမယ့် နေရာတွေပါ တည်ဆောက်မယ်ဆို တဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ရဲ့ လမ်းညွှန်ချက်ရှိပါတယ်။ ဒါ ကြောင့်လက်မှတ်ကို နေရာအကျယ် ပြန့်ဆုံးနေရာမှာ ဝယ်ယူရရှိနိုင် အောင် စီမံဆောင်ရွက်ထားပါ မယ်""ဟု ၄င်းက ပြောသည်။

င်္FMI Decaux ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၃ သန်း ရင်း နှီးမြှုပ်နှံကာ ရန်ကုန်ဘတ်စ်ကား မှတ်တိုင် ၃၅၀ ကို တည်ဆောက် နေပြီး ရန်ကုန်စည်ပင်ကလည်း ယင်းမှတ်တိုင် ၃၅၀ အပြင် မှတ် တိုင်သစ်များ ထပ်မံအဆင့်မြှင့်မှု များ လုပ်ဆောင်စီစဉ်မှုများ ရှိနေ ကြောင်း သိရသည်။
ကတ်စနစ်ကို Asia Starmar Transport Intelligent ကုမ္ပဏီ နှင့် Yangon Payment Services ကုမ္ပဏီတို့က တာဝန်ယူ ဆောင် ရွက်မည်ဖြစ်သည့်အတွက် လိုအပ် သည့ှ်Service Level Agree- ment ကို လက်မှတ်ရေးထိုးပြီး ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှုအာဏာပိုင်အဖွဲ့နှင့် ကုမ္ပဏီ တို့ အကြာှးService Level Agree- ment ကို ဆက်လက်ရေးထိုးနိုင် ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါကတ်များသည် ပထ မအဆင့်အနေဖြင့် YBS ယာဉ်စီး ခ တစ်မျိုးတည်းအတွက်သာ အသုံး ပြုနိုင်မည် ဖြစ်သော်လည်း နောင် တွင် အခြားသယ်ယူပို့ဆောင်ရေး ကဏ္ဍများနှင့်ပါ ချိတ်တွဲ ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း သိရ သည်။လက်ရှိတွင် ကုမ္ပဏီဘက်က လိုအပ်သည့် စက်ပစ္စည်းများကို ပြည်ပမှ မှာယူထားပြီဖြစ်ကြောင်း သိရသည်။

ကတ်စနစ်အတွက် မတ် ၁၂ ရက် ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ရုံး မင်္ဂလာခန်းမတွင်Yangon Payment Service Co.,Ltd (YPS)နှင့် Asia Starmar Tran- sport Intelligent Co., Ltd တို့ အကြား Yangon Payment Service သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြသည်။

No comments:

Post a Comment