Friday, June 21, 2019

မြန်မာ-ရုရှား နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ဆွေးနွေး

 ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းသည် ရုရှားစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးမစ္စ တာမက်ဇင်မ်အော်ရက်ရှ်ကင် နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ယမန်နေ့တွင် သ တင်းထုတ်ပြန်သည်။ ရုရှားနိုင်ငံသို့ ရောက်ရှိနေ သော ပြည်ထောင်စုဝန်ကြီးဦး သောင်းထွန်းသည် အထက်ပါ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးနှင့် ဇွန်လ ၁၉ ရက်တွင် တွေ့ဆုံခဲ့ပြီး ရုရှား-မြန်မာစီးပွား ရေးဆွေးနွေးပွဲသို့လည်း တက် ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက် ၌ ဖော်ပြသည်။



ယင်းဆွေးနွေးပွဲတွင် နှစ်နိုင် ငံအကြား စီးပွားရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့် တင်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင် ရာ အခွင့်အလမ်းများ၊ အသေး စားနှင့် အလတ်စားလုပ်ငန်းရှင် များပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်နိုင်ရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ၀န်ကြီးဦးသောင်း ထွန်းသည် မြန်မာအစိုးရ၏ အမျိုး သားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်အဖြစ် ရုရှားနိုင်ငံအူဖာမြို့ ၌ ကျင်းပသည့်(၁၀) ကြိမ်မြောက် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာ ရှိကြီးများ၏ နိုင်ငံတကာအစည်း အဝေးသို့ တက်ရောက်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။ ယင်းမတိုင်မီ အမျိုးသားလုံ ခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦး သောင်းထွန်းသည် ရုရှားနိုင်ငံလုံ ခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာနီကိုလိုင်ပါထရူးရှဗ်နှင့် ဇွန်လ ၁၇ ရက်တွင် တွေ့ဆုံခဲ့ သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

No comments:

Post a Comment