Friday, June 21, 2019

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ဝင်ခွင့် တက္ကသိုလ်ဝင်တန်းရမှတ် ၄၅၀ နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်

သတင်းအ ချက်အလက် နည်းပညာတက္ကသိုလ် ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းရမှတ် ၄၅၀ နှင့်အထက်ရရှိသူများလျှောက် ထားနိုင်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသား၊ကျောင်း သူများလျှောက်ထားနိုင်မည့် မြန်မာ့ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ် ဝင်တန်းရမှတ်စုစုပေါင်း ၄၅၀ နှင့်အထက်ရရှိသူများ လျှောက် ထားနိုင်မည်ဖြစ်ပြီး အဆိုပါ တက္ကသိုလ်သို့ လျှောက်ထားမည့် သူများသည် ဝင်ခွင့်စာမေးပွဲဖြေ ဆိုရမည်ဖြစ်ကြောင်း၊ တက္ကသိုလ် ဝင်စာမေးပွဲတွင် သင်္ချာ၊ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင် သည့် ဘာသာရပ်တစ်ခုခုဖြင့် ဖြေ ဆိုအောင်မြင်သူများ လျှောက် ထားနိုင်ကြောင်း ယင်းတက္ကသိုလ် ကကြေညာထားသည်။



ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် သတင်းအချက်အ လက်နည်းပညာတက္ကသိုလ်ကို ပထမ ဦးစားပေး လျှောက်ထားလိုပါက တက္ကသိုလ်ဝင်ခွင့် စာအိတ်ပေါ်တွင် သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်နေရာ၌ အမှန်ခြစ်၍ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်၊ပါရမီလမ်း၊ တက္ကသိုလ် များလှိုင်နယ်မြေ(၁၂) ရပ်ကွက်၊လှိုင်မြို့နယ်၊ရန်ကုန်သို့ စာတိုက် မှဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ တိုက် ရိုက်ပေးပို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

သတင်းအချက်အလက် နည်း ပညာတက္ကသိုလ်၏သင်တန်းကာ လမှာ ငါးနှစ်ဖြစ်ပြီးအထူးပြုဘာ သာရပ်အလိုက် အောင်မြင်သူများ ကို ကွန်ပျူတာသိပ္ပံဘွဲ့၊(ပရိုဂရမ် အင် ဂျင်နီယာ)၊ကွန်ပျူတာသိပ္ပံဘွဲ့ (စီးပွားရေးသတင်းအချက်အလက် စနစ်)၊ကွန်ပျူတာ
သိပ္ပံဘွဲ့(စွမ်းရည် မြင့်တွက်ချက်မှုနည်းပညာ)၊ကွန် ပျူတာ နည်းပညာဘွဲ့(မြှုပ်နှံထိန်း ချုပ်စနစ်)၊ကွန်ပျူတာနည်းပညာ ဘွဲ့(ဆက်သွယ်ရေးနှင့် ကွန်ယက် ပညာ)၊ ကွန်ပျူတာနည်းပညာဘွဲ့ (ကွန်ပျူတာစနစ်ပညာ)ဘွဲ့တို့ကို ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် သတင်းအ ချက်အလက်နည်းပညာတက္ကသိုလ် လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများထဲမှ ဦးရေ ၂၀ဝ ကို ဝင်ခွင့်ပေးမည်ဖြစ်သည်။ ယခင်နှစ်က သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ကို ကျောင်းသား၊ ကျောင်း သူ ၂၀ဝ၀ ကျော်လျှောက်ထားခဲ့ပြီး ၂၀ဝ သာ ဝင်ခွင့်ပေးခဲ့သည်။

No comments:

Post a Comment