Friday, June 21, 2019

"ကရင်နီပြည်သမိုင်းကို NLD အစိုးရလက်ထက်တွင် သတ်ခဲ့" ဟု ဖမ်းဆီးခံ ကရင်နီလူငယ်များပြော

သီးခြားလွတ်လပ်သည့် ကရင်နီပြည်သမိုင်းကို NLD အစိုးရလက်ထက်တွင် သတ်ခဲ့သည်ဟု နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ- ၁၀ ဖြင့် ဖမ်းဆီးခံရသည့် ကရင်နီလူငယ်များက ပြောဆိုသည်။ အဆိုပါပုဒ်မဖြင့် ကယားပြည်နယ်အစိုးရက တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားစွဲဆိုခံ ကရင်နီလူငယ် (၅) ဦးကို (၁၄၄)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ပွဲ ကျင်းပရာနေရာ လွိုင်ကော်မြို့တွင် ပြည်နယ်ရဲ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့သည်။



“ကျွန်တော်တို့ ကိုယ့်ယဉ်ကျေးမှုကို ဖော်ထုတ်တာ ကြေးရုပ်ကသာမာန်ကြေးရုပ်ပဲ။ ဒါပေမယ် အဲ့ ကြေးရုပ်နောက်ကွယ်မှာ ကျွန်တော်တို့ သမိုင်းကိုသတ်နေတယ်။ ဒါလက်တွေ့အမြင်ပဲ သီးခြား လွတ်လပ်ခဲ့ပါတယ်ဆိုတဲ့ ကရင်နီပြည်ရဲ့ သမိုင်းကို သတ်တာသည် NLD အစိုးရလက်ထက်မှာဖြစ် တာ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ပါတီက သတ်တာ” ဟု ဖမ်းဆီခံလူငယ် ခွန်သော မတ်စ်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင် ထားရှိရန် ပြည်နယ် အစိုးရက စီစဉ်ခဲ့ပြီးနောက် ကြေးရုပ်ရွှေ့ပြောင်းရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း၊ ပြည်နယ်အစိုးရ နှင့် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပေ။

ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စီမံ/ ဘဏ္ဍာဝန်ကြီး ဦးမော်မော်နှင့် ကြေးရုပ်ဖြစ်မြောက်ရေး ကော် မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်း သားသွေး စည်း ချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် ကြေညာကြောင်း ကရင်နီလူငယ် (၆) ဦးက မတ်လ(၂၅) ရက်က ထုတ်ပြန်ခဲ့ပြီး ပြည်နယ်အစိုးရက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကြီး မပြောင်းမရွှေ့မချင်း ကျွန်တော်တို့ကတော့ ဆက်ကြိုးစားသွား မယ်။ ကျွန်တော်တို့ သေသွားရင်တောင် မျိုးဆက်တွေကို အမွေပေးခဲ့မှာဖြစ်တယ်”ဟု ကိုဒီးဒီက ပြောသည်။

တရားစွဲခံလူငယ်(၆)ဦးမှ ခူကြူးဖဲကေး(ခ)ဂူးဂူးအား ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ကျန် ရှိနေသည့် လူငယ်(၅)ဦးအား ယနေ့ကျင်းပသည့် ကရင်နီအမျိုးသားနေ့ပွဲတွင် လာရောက်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

“ဘယ်သူကိုမှ ယုံလို့မရဘူး။ NLD ပါတီကိုတောင် ယုံလို့မရပါဘူး။ ကနေ့ ကျွန်တော်တို့ မုန်းစရာရှိ တဲ့လူကို ရဲရဲရင့်ရင့် မုန်းဖို့လိုပါတယ်။ NLD ပါတီကို ခင်ဗျားတို့ချစ်မယ် ဟန်ဆောင်ပြီး ချစ်နေလို့ရှိ ရင်တော့ ဒီထက်ဆိုးတဲ့ဟာတွေ ဒီထက်ဆိုးတဲ့ဟာတွေဖြစ်မယ်”ဟု ခွန်သောမတ်စ်က ပြောသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ- ၁၀ ဖြင့် သည် လုပ်ပိုင်ခွင့်အာဏာရှိသူများအတွက် ဖြစ်နေကြောင်း ဖမ်းဆီခံရသူ ကိုဒီးဒီက ပြောသည်။

“ဗိုလ်ချုပ်ကြေးရုပ်ထုကို အတန်တန် ကျွန်တော်တို့ ပြည်သူလူထုတွေကန့်ကွက်ရဲ့သားနဲ့ အတင်း အဓမ္မသယ်လာတယ်။ ခိုးကြောင်ခိုးဝှက်ဆောက်တယ် ပွင့်လင်းမြင်သာမှုမရှိဘူး။ ဗိုလ်ချုပ်ကြေးရုပ် ဆောက်တဲ့ အုတ်ခုံတွေကလဲ ဘတ်ဂျတ်တွေကလဲ လူတွေကို အသိမပေးပဲနဲ့ ခိုးကြောင်ခိုးဝှက် ပိုက်ဆံတွေနဲ့ တည်ဆောက်တယ်။ တဆက်တည်းမှာပဲ ကျွန်တော်တို့ တိုင်းရင်းသားစာပေယဉ် ကျေးမှုကော်မတီတွေကို သွေးခွဲတယ် ကြားထဲမှာ ပိုက်ဆံတွေဘာတွေပေးတယ်”ဟု ဖမ်းဆီးခံလူ ငယ် မျိုးလှိုင်ဝင်းက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်စတင်အကောင်အထည်ဖော်ချိန်မှ စတင်၍ ကရင်နီလူငယ်များက ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်း၊ လူထုစစ်တမ်းကောက်ယူခြင်း၊ သပိတ်စခန်းဖွင့်လှစ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြလူ ငယ်များကို ပြည်နယ်အစိုးရက တရားစွဲဆိုခြင်း ရဲတပ်ဖွဲ့မှ ရာဘာကျဉ်ဖြင့် နှိမ်နှင်းမှုများရှိခဲ့သည်။

No comments:

Post a Comment