Friday, June 21, 2019

H1N1 ကြောင့် သေဆုံးသူခြောက်ဦးရှိလာ၊ ငါးဦးသည် ရန်ကုန်တိုင်းမှဖြစ် ဒေသခြောက်ခုတွင် ရောဂါပိုးတွေ့သူ ၁၆ ဦးရှိ

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၏ ယမန်နေ့ညပိုင်းသတင်းထုတ်ပြန်ချက်အရ ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဇွန်လ ၂၀ ရက်အထိ ရာသီတုပ်ကွေး ရောဂါပိုး H1N1 တွေ့ရှိလူနာ ၁၆ဦးရှိပြီး ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းခြောက်ဦးသည် ရန်ကုန်တိုင်းမှ ငါးဦးနှင့် စစ်ကိုင်းတိုင်းမှ တစ်ဦးဖြစ် ကြောင်း ဖော်ပြထားသည်။ေ သဆုံးသူများမှာ အသက် အရွယ်ကြီးရင့်သူများ၊ အသက် အရွယ်ငယ်လွန်းသူများနှင့် ဆီး ချို၊ သွေးတိုး၊ နှလုံးရောဂါ၊ အ သက်ရှူလမ်းကြောင်းရောဂါ စသည့်နာတာရှည်ရောဂါအခံရှိ သူများဖြစ်ကြောင်း ထုတ်ပြန်ချက် က ဆိုသည်။



ပြီးခဲ့သည့် ဇန်န၀ါရီ ၁ ရက် မှ မေလအထိ H1N1 ရောဂါပိုး တွေ့သူလေးဦးရှိပြီး သေဆုံးသူ မရှိခဲ့ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါရောဂါပိုး တွေ့ရှိရ သည့် ဒေသများမှာ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေပြည်တော်နှင့် မွန်ပြည်နယ်တို့ ဖြစ် သည်။

‘‘ရာသီတုပ်ကွေးနဲ့ ပတ် သက်ပြီး ၂၀၁၇ တုန်းကလည်း အတွေ့အကြုံရှိထားတော့ ပြည်သူတွေအနေနဲ့ အထိတ်တလန့် မဖြစ်ကြပါနဲ့။ ကုသရေးအတွက် လည်း ဆေးဝါး Facilities (ဆေးဝါး ပစ္စည်းအထောက်အပံ့)အပြည့်ရှိပါတယ်’’ဟု  ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ပြောသည်။ ရာသီတုပ်ကွေး Influenza Type A(H1N1) pdm 09 သည် အသက်အရွယ်မရွေး ဖြစ်ပွား တတ်သည်။

သို့သော် အသက်(၅)နှစ်အောက် ကလေးများ၊ (၇၀)နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်နှင့် နာတာရှည် ရောဂါခံစားရသူများတွင် ပိုမိုပြင်းထန်ပြီး သေဆုံးသည်အထိ ဖြစ်တတ်သည်။ ယင်းရောဂါပိုးသည် အသက်ရှူလမ်းကြောင်းမှ တစ် ဆင့် ကူးစက်နိုင်သည်။ ရောဂါ လက္ခဏာများမှာ   အဖျားရှိခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် နှင့်အထက်)၊ နှာရည်ယိုခြင်း၊ နှာ ချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက် ခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်း များဖြစ်တတ်သည်။ အဆိုပါ   ရောဂါလက္ခဏာ များခံစားရသည်ဟု သံသယရှိပါ က နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးခန်းများတွင် သတင်း ပေးပို့၍ ကုသမှုခံယူနိုင်သည်။ ထို့ အပြင် ရာသီတုပ်ကွေးရောဂါသံ သယရှိသူများတွင် အဖျားကြီး လွန်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ သတိလစ် ခြင်းနှင့် ဂနာမငြိမ်ခြင်းတို့ ဖြစ်ပွား ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း များသို့ သွားရောက်ကုသမှုခံယူ ရန် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက နှိုးဆော်ထားသည်။

No comments:

Post a Comment