Friday, June 21, 2019

မန်ယူတိုက်စစ်မှူး လူကာကူ အင်တာမီလန်သို့ ပြောင်းရန် သဘောတူဟု သတင်းထွက်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး လူကာကူ အီတလီ စီးရီးအေကလပ် အင်တာမီလန် အသင်းကို ပြောင်းဖို့ သဘောတူသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အင်တာမီလန်အသင်းဟာ လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဝန်းကျင် ပေးချေမှာဖြစ်ပြီး အဲဒီပမာဏဟာ ၂၀၁၇ ခုနှစ်က အဲဗာတန်ကနေ မန်ယူခေါ်ခဲ့စဉ် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ အတူတူလည်း ဖြစ်ပါတယ်။



အသက် ၂၆ နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ တပတ်လုပ်ခ ပေါင် တသိန်းရှစ်သောင်းနဲ့ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာလို့ သည်ဆန်းသတင်းစာမှာ ဖော်ပြပါတယ်။

တိုက်စစ်မှူး လူကာကူဟာ မန်ယူအသင်းအတွက် ၆၆ ပွဲကစားပြီး ၂၈ ဂိုး သွင်းယူပေးထားပါတယ်။

သူဟာ မန်ယူနည်းပြအဖြစ် ဆိုးလ်ရှား တာဝန်ယူပြီးနောက်ပိုင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ နောက် ဒုတိယဦးစားပေးအနေနဲ့ပဲ ပွဲထွက်ခဲ့ရပြီး ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရတာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment