Friday, June 21, 2019

(၂၀၁၉) အရှေ့ တောင်အာရှ ကနူး/ကယက် တံခွန်စိုက်ပြိုင်ပွဲမှာ မြန်မာ အားကစားအဖွဲ့ ရွှေတံဆိပ် (၂)ခု နဲ့ ကြေးတံဆိပ် (၁)ခု ရရှိထား

Image may contain: 1 person, standing and shoes(၂၀၁၉) အ​ရှေ့​တောင်​အာရှ ကနူး/ကယက်​တံခွန်​စိုက်​ပြိုင်​ပွဲကို ထိုင်းနိုင်​ငံ၊ ပတ္တရားမြို မှာ အခုလ (၂၀) ရက်​က စတင်​ကျင်းပခဲ့ရာ မြန်​မာ ကနူး/ကယက်​ ကစားသမားတွေက ပြိုင်ပွဲ အဖွင့်ပွဲမှာ ရွှေတံဆိပ်​ နှစ်​ခု နဲ့ ​ကြေးတံဆိပ်​တစ်​ခု ရယူနိုင်ခဲ့ပါတယ်။ကနူး/ကယက်​ပွဲစဉ်​တွေထဲက မီတာ ၁၀၀၀ ပွဲစဉ်​တွေကို စတင်​ကျင်းပခဲ့ရာ ကနူးပြိုင်​ပွဲမှာ သန့်​ဇင်​ဦး နဲ့ မျိုးလှိုင်​ဝင်းတို့က ​ရွှေတံဆိပ်​ ရယူ​ပေးနိုင်​ခဲ့ပြီး ကယက်​ကစားနည်းမှာ ထွန်းမင်းသန့်​ က တတိယ​ကြေးတံဆိပ်​ ရယူ​ပေးနိုင်​ခဲ့တာ ဖြစ်ပါတယ်။

သန့်​ဇင်​ဦး ဟာ ကနူးအလွတ်​တန်းပြိုင်​ပွဲမှာ ၀၄ မိနစ်​ ၁၇ ဒသမ ၆၄ စက္ကန့်​ နဲ့ ပန်းဝင်​ပြီး ပထမ​ ရွှေတံဆိပ်​ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။အင်​ဒိုနီးရှား ကစားသမားက ၀၄ မိနစ်​၊ ၂၃ ဒသမ ၃၇ စက္ကန့်​နဲ့ ဒုတိယ၊ ဗီယက်​နမ်​ဘီအသင်း က ကစားသမားက ၀၄ မိနစ်​ ၂၄ ဒသမ ၀၀ စက္ကန့်​ နဲ့ တတိယ ရရှိခဲ့ပါတယ်။ကနူးသက်​ငယ်​တန်းပြိုင်​ပွဲမှာ မြန်​မာ ကနူးလူငယ်​ကစားသမား မျိုးလှိုင်​ဝင်းက ၀၄ မိနစ်​ ၃၀ ဒသမ ၃၃ စက္ကန့်​ဖြင့်​ ပထမ​ရွှေတံဆိပ်​ဆုကို ဆွတ်​ခူးနိုင်​ခဲ့တာဖြစ်ပြီး ၊ ဗီယက်​နမ်​ဘီအသင်း က ကစားသမားက ၀၄ မိနစ်​ ၃၂ ဒသမ ၅၆ စက္ကန့်​နဲ့ ဒုတိယ၊ ထိုင်းကစားသမားက ၀၄ မိနစ်​ ၃၃ ဒသမ ၈၁ စက္ကန့်​ နဲ့ တတိယ ရရှိခဲ့ပါတယ်။ကယက်​​လှေ သက်ငယ်တန်း ​​​မီတာ ၁၀၀၀ ပွဲစဉ်​မှာ ​ မြန်​မာ ကစား သမား ထွန်းမင်းသန့်​ က ၀၄ မိနစ်​ ၁၈ ဒသမ ၀၄ စက္ကန့်​ နဲ့ တတိယ​ကြေးတံဆိပ်​ဆု ရရှိခဲ့ပါတယ်။ဒီပြိုင်ပွဲမှာ ဗီယက်​နမ်​ကစားသမားက ၀၄ မိနစ်​ ၀၀ ဒသမ ၁၄ စက္ကန့်​နဲ့ ပထမ ထိုင်းကစားသမားက ၀၄ မိနစ်​ ၀၈ ဒသမ ၂၈ စက္ကန့်​နဲ့ ဒုတိယဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment