Friday, June 21, 2019

ရှေးဟောင်းအမွေ အနှစ်နိုင်ငံ အီဂျစ်

Image may contain: 3 people, outdoorအီဂျစ်နိုင်ငံက အာဖရိကတိုက်မှာရော အာရှတိုက်နှစ်တိုက်လုံးမှာ တည်ရှိနေပြီး တိုက်နှစ်တိုက်ကြားကို ဆူးအက်တူးမြောင်းက ခြားထားပါတယ်။ အစ္စရေး၊ လစ်ဗျား၊ ဆူဒန်စတဲ့နိုင်ငံတွေအပြင် ဂါဇာကမ်းမြှောင်ဒေသ၊ မြေထဲပင်လယ်တို့နဲ့လည်း နယ်နမိတ် ထိစပ်နေပါတယ်။ စတုရန်းမိုင်ပေါင်း ၁ သန်းကျော်ကျယ်ဝန်းပြီး လူဦးရေ ၉၂ ဒသမ ၁ သန်းနေထိုင်လို့ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေထဲမှာ နံပါတ် ၁၅ ချိတ်ပါတယ်။ အ များစုက အာရပ်လူမျိုးတွေဖြစ်ကြလို့ ကမ္ဘာပေါ်မှာ အာရပ်လူမျိုးတွေ အများဆုံး နေထိုင်ရာနိုင်ငံဖြစ်ပြီး အီရတ်နဲ့ဆော်ဒီအာရေဗျနိုင်ငံမှာထက်တောင်များပါ တယ်။


အီဂျစ်နိုင်ငံက ခြောက်သွေ့တဲ့နိုင်ငံပါ။ ဆာဟာရနဲ့လစ်ဘီယန်လို့ခေါ်တဲ့ အဓိ ကသဲကန္တာရကြီးနှစ်ခုရှိပြီး နိုင်ငံရဲ့နေရာအတော်များများက သဲကန္တာရတွေ ဖုံးလွှမ်းနေ ပါတယ်။ နိုင်ငံကို ဖြတ်စီးနေတဲ့ ကမ္ဘာ့အရှည်ဆုံးမြစ် နိုင်းမြစ်သာမရှိရင် သဲကန္တာရလုံး လုံးဖြစ်နေမှာပါ။ နွေရာသီမှာတော့ နိုင်းမြစ်ရေကြီးတက်ပါတယ်။ ရေကြီးပြီး ရေပြန်ကျ သွားတဲ့အခါ ပေါ်လာလေ့ရှိတဲ့ နုန်းမြေတွေက မြေဩဇာအင်မတန်ကောင်းပြီး စိုက်ပျိုး ဖြစ်ထွန်းပါတယ်။ အီဂျစ်ကို အထက်အီဂျစ်နဲ့အောက်အီဂျစ်ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ တခြားမှာနဲ့မတူတာက အထက်အီဂျစ်က တောင်ဘက်မှာရှိပြီး အောက်အီဂျစ်က မြောက်ဘက်မှာရှိတာပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့အသက်သွေးကြော နိုင်းမြစ် ကြီးက တောင်ကနေမြောက်ကိုစီးနေပြီး နိုင်ငံမြောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ မြေထဲ ပင်လယ်ထဲကို စီးဝင်သွားတာကြောင့်ပါ။

အီဂျစ်သမိုင်းကြောင်း ပြောရမယ်ဆိုရင် ရှေးခေတ်နှစ်ပေါင်း ၈၀၀၀ ကျော်က တည်းက မြစ်ကမ်းပါးတစ်လျှောက်မှာ လူတွေနေထိုင်ကြပြီး ရွာတွေတည်ထောင်ခဲ့ကြ ပါတယ်။ ၃၀၀၀ ဘီစီမှာတော့ မြို့ပြလူနေမှုတိုးတက်လာပြီး ၃၁၀၀ ဘီစီမှာအထက် အီဂျစ်နဲ့အောက်အီဂျစ်ကို ပေါင်းစည်းပြီး ဖာရိုဘုရင်တွေက အုပ်ချုပ်ခဲ့ကြပါတယ်။ ၁၀၀၀ ဘီစီမှာတော့ အီဂျစ်ပြည် အစိတ်စိတ်အမွှာမွှာပြိုကွဲပြီး ဘုရင်အုပ်ချုပ်ရေး ပျက် စီးခဲ့ပါတယ်။ ပြိုကွဲနေတဲ့အီဂျစ်ကို အိမ်နီးချင်းနိုင်ငံတွေဝင်တိုက်ခဲ့ပြီး ၃၁ ဘီစီမှာ ရော မလက်အောက်ကျရောက်သွားပါတယ်။ အေဒီ ၆၄၀ ကစကာ အာရပ်စစ်တပ်က ရာစု နှစ်အတော်ကြာသိမ်းပိုက်ပြီး အခုလက်ရှိ မြို့တော်ကိုင်ရိုကို တည်ထောင်ခဲ့ပါတယ်။ ၁၈၈၂ ခုနှစ်မှာတော့ ဗြိတိန်တွေ ဝင်ရောက်ကျူးကျော်ခဲ့ပြီး ၁၉၅၂ ခုနှစ်ရောက်မှ လွတ်လပ်ရေးကြေညာပေးခဲ့တာပါ။

ဖာရိုဘုရင်တွေ အုပ်ချုပ်ခဲ့စဉ်က ရှေးခေတ်အီဂျစ်လူမျိုးတွေက တီထွင်တတ်ကြ ပါတယ်။ အခုလက်ရှိသုံးနေတဲ့ ၃၆၅ ရက် ၁၂ လပါတဲ့ ပြက္ခဒိန်ကို အီဂျစ်တွေ စတီထွင် ခဲ့တာပါ။ နိုင်းမြစ် နှစ်စဉ်ရေကြီးရေလျှံတာကို ကြိုတင်ခန့်မှန်းနိုင်အောင်ပါတဲ့။ အခု လက်ရှိမှာ အသုံးပြုဆဲ အရာအတော်များများကိုလည်း ရှေးအီဂျစ်တွေ ထွင်ခဲ့ကြတာပါ။ ရွက်လှေ၊ စာရွက်၊ ဘောပင်၊ သော့ခလောက်၊ သော့နဲ့သွားတိုက်ဆေးကအစ ထွင်ခဲ့ ကြပါတယ်။ မင်္ဂလာလက်စွပ်လဲတဲ့ အလေ့အထကလည်း အီဂျစ်ကစခဲ့တာပါတဲ့လေ။

ရှေးအီဂျစ်တွေက နောက်ဘ၀ကိုယုံကြည်ကြလို့ သေဆုံးတဲ့အခါမှာ မပုပ်မသိုး အောင် မမ်မီပြုလုပ်ပြီး နောက်ဘ၀မှာလိုအပ်မယ့်ပစ္စည်းအသုံးအဆောင်တွေနဲ့အတူ ထည့်မြှုပ်လေ့ရှိပါတယ်။ ရှေးခေတ်က ဖာရိုဘုရင်နဲ့ တော်ဝင်မိသားစုတို့ သေဆုံးတဲ့အ ခါမြှုပ်နှံဖို့ ပိရမစ်ကြီးတွေ တည်ဆောက်လေ့ရှိကြရာမှာ ဂီဇာပိရမစ်ကြီးတွေက ကမ္ဘာ့ ရှေးဟောင်းအံ့ဖွယ်(၇)ခုထဲမှာ အခုအထိတည်ရှိနေဆဲ အံ့ဖွယ်တစ်ခုဖြစ်သလို အခု ခေတ်အံ့ဖွယ်(၇) ခုထဲမှာလည်း ပါဝင်နေပြန်ပါတယ်။ ဒါပေမဲ့ ကမ္ဘာမှာ အကြီးဆုံးပိရ မစ်တော့မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး ပိရမစ်က မက္ကဆီကိုမှာရှိပါတယ်။ အီဂျစ်မှာ ပိရမစ်ပေါင်း ၁၃၀ ခန့် ရှာဖွေတွေ့ရှိထားပေမယ့် ကမ္ဘာပေါ်မှာ ပိရမစ်အများဆုံးရှိတဲ့ နိုင်ငံလည်းမဟုတ်ပြန်ပါဘူး။ ဆူဒန်နိုင်ငံက ပိရမစ်အများဆုံးရှိတဲ့ နိုင်ငံပါတဲ့လေ။

အီဂျစ်က ရှေးနှစ်ပေါင်းမြောက်များစွာက သမိုင်းဝင်အမွေအနှစ်တွေများစွာ ကျန် ရှိနေတဲ့နိုင်ငံဖြစ်နေတော့လည်း ကမ္ဘာလှည့်ခရီးသည်တွေ အလာများပြီး နိုင်ငံရဲ့စီးပွား ရေးမှာ ခရီးသွားလုပ်ငန်းက အရေးပါဆုံးဖြစ်လို့နေပါတယ်။ အီဂျစ်မှာ ပိရမစ်ကြီးတွေအ ပြင် အခြားကြည့်ရှုလည်ပတ်စရာနေရာတွေလည်း အများကြီးရှိလို့နေပါတယ်။ မြို့ တော်ကိုင်ရိုက အာဖရိကတိုက်မှာရော အရှေ့အလယ်ပိုင်းဒေသမှာပါ အကြီးဆုံးမြို့ပါ။ ဂီဇာနဲ့အလက်ဇန္ဒြားမြို့တွေကလည်း မြို့ကြီးတွေဖြစ်ပြီး ကမ္ဘာ့အကြီးကျယ်ဆုံး လဟာ ပြင်ပြတိုက်လို့တင်စားထားတဲ့ ရှေးဟောင်း Luxor မြို့မှာလည်း လေ့လာစရာနေရာ များစွာရှိပါတယ်။ ဒါ့အပြင် နိုင်းမြစ်ပေါ်ဖြတ်ပြီး အပျော်စီးသင်္ဘောတွေစီးနိုင်သလို ကမ္ဘာ့ဒုတိယအကြီးဆုံး ဘာသာရေးအဆောက်အအုံ Karnak Temple၊ နိုင်းမြစ်ထဲက နတ်ဖုရားကျွန်းလေး Philae Temple၊ အီဂျစ်ရဲ့ဒုတိယအကြီးဆုံး နိက ကျောင်း တော်ကြီး၊ မမ်မီရုပ်အလောင်းတွေစုစည်းရာ အီဂျစ်ပြတိုက်နဲ့ အဘူဆင်ဘဲလ်ရုပ်တု ကြီးတွေ စတဲ့နာမည်ကျော်နေရာတွေကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။

No comments:

Post a Comment