Friday, June 21, 2019

စာဖတ်သူတိုးပွားစေဖို့ ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်တဲ့ ညောင်​တုန်းမြို့က အခမဲ့စာအုပ်အငှါးဆိုင်

Image may contain: 2 people, people standingNo photo description available.ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်​ခရိုင်​၊ ညောင်​တုန်းမြို့တွင် "ဥာဏ်​အလင်း" အခမဲ့ စာအုပ်​အဌားဆိုင်​ကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ ညောင်​တုန်းမြို့တွင်​ ယခင်​က ​ဗေဒါစာကြည့်​တိုက်​၊ စု​မေတ္တာပညာ​ရေးကွန်​ရက်​အမည်​ဖြင့်​ စာအုပ်​များဌားရမ်းခဲ့ကြ​သော်​လည်း ၂၀၁၄ ခုနှစ်​နတွင်​ရပ်​နားသွားခဲ့ပြီးနောက် ယခုအခါအလှူရှင် ကိုအောင်ခင်မြင့်မှ စာဖတ်သူ တိုးပွားလာစေရန်ရည်ရွယ်၍"ဥာဏ်​အလင်း"အမည်ဖြင့် အခမဲ့ စာအုပ်​မျိုးစုံအငှါးဆိုင်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။



"ကျနော် အခုလိုအခမဲ့စာအုပ်​ဌားတဲ့အလုပ်​ကို လုပ်​ချင်​​နေတာကြာပါပြီ။ အခု​တော့ မိတ်​​ဆွေတချို့ အကူအညီ​ပေးတာ​ကြောင့်​လည်း အခုလိုဖွင့်​နိုင်ခဲ့တာပါ။ စာအုပ်​​တွေကို ဘယ်​သူမဆိုလာငှားဖတ်လို့ ရပါတယ်။ စာဖတ်သူတွေ တိုးပွားလာပြီး လူငယ်တွေ အသိပညာ ဗဟုသုတတွေ တိုးပွားလာရင် ကျေနပ်ပါပြီ"ဟု အလှူရှင် ဦးအောင်ခင်မြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

"ဥာဏ်အလင်း" အခမဲ့ စာအုပ်အငှါးဆိုင်ကို ညောင်တူန်းမြို့၊ အမှတ် ၃ ရပ်ကွက်၊ ၁၂ လမ်း၊ အိမ်အမှတ်​ ၉ တွင် ဖွင့်လှစ်ထားသည်။ အပတ်စဉ် တနလာင်္​နေ့မှ​ သောကြာ​နေ့ထိ နံနက်​ ၉ နာရီမှ နေ့လည်​ ၂ နာရီထိ ဖွင့်လှစ်ပြီး စနေ၊စ​နေ၊ တနင်္ဂ​နွေနေ့များတွင် ဆိုင်ပိတ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့စာအုပ်အငှါးဆိုင်ဖွင့်ပွဲကို ဇွန်လ ၁၉ ရက်နေ့က ညောင်တူန်းမြို့၊ အမှတ် ၃ ရပ်ကွက်၊ ၁၂ လမ်း၊ အိမ်အမှတ်​ ၉ တွင်ပြုလုပ်ခဲ့ရာ ညောင်တုန်းမြို့မှ စာရေးဆရာများ၊ ကဗျာဆရားများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment