Friday, June 21, 2019

မူးယစ်ပြတိုက်မြေနေရာ ထားသူများအား ဖယ်ရှားရှင်းလင်းမည်

ကမာရွတ်မြို့နယ်၊ကျွန်တောလမ်းနှင့်ဟံသာဝတီလမ်းထောင့်ရှိ မူးယစ်ပြတိုက်မြေနေရာတွင် ဌားရမ်းထားသူများကို ယခုဇွန်လ အကုန်၌ ၁၉၉၅ခုနှစ် အစိုးရအိမ်ဥပစာဥပဒေအရ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြာင်း မူးယစ်ပြတိုက် တာဝန်ခံ ဒုတိယ ရဲမူးကြီး ဇော်မင်းဦးက ပြောကြားသည်။ ယနေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်သည့် အစိုးရအိပ် ဥပစာ အတွင်း မြေနေရာ ငှါးရမ်း ပြီး ငှါးရမ်း သက်တမ်း ကုန်ဆုံး သော်လည်း ဖယ်ရှာပေးခြင်း မရှိသည့် အတွက် ၁၉၅၅ ခုနှစ် အစိုးရ အိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ နှင့် အညီ ဆောင်ရွက် မည့် ကိစ္စနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယရဲမှူးကြီး ခင်ဇော်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။



''ဘယ်တော့ရှင်းလင်းမလဲဆိုတော့ အခုဇွန်လကုန်မှာ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေအရ ဖယ်ရှားရှင်းလင်းသွားမှာပါ''ဟု မူးယစ်ဆေးဝါးပြတိုက်တာဝန်ခံ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ၊ ကျွန်းတော လမ်းနှင့် ဟံသာဝတီ လမ်းထောင့်ရှိ မူးယစ်ဆေးဝါး ပြတိုက်ဝန်း မြေနေရာ ကို ငှါးရမ်း ထားသူ ဦးထွန်းထွန်းဦး ၊ဦးရဲထွဋ်အောင် ၊ ဒေါ်တင်တင်မော်နှင့် ဦးသိန်းလွင် တို့ အနက် ဦးသိန်းလွင် မှာ ဆိုင်ခန်းမြေနေရာမှ ဖယ်ရှားပေးပြီး ဖြစ်သော်လည်း ၊ ကျန်ငှါးရမ်းသူ( ၃) ဦးတွင် လက်ရှိ အချိန်အထိ ဖယ်ရှားပေးခြင်း မရှိသည့်အတွက် မူးယစ်မြတိုက်တာဝန်ခံမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်ရေးရဲတပ်ဖွဲ့ မှတဆင် မြို့နယ်ဥပဒေရုံး၊ခရိုင်ဥပဒေရုံးများသို့ ဥပဒေအကြံတောင်းခံခဲ့သည့်အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့တင်ပြခဲ့ရာတွင် ဝန်ကြီးဌာနဘက်မှ အစိုးရပိုင်မြေပေါ်မှ ဖယ်ရှားပေးရန်အာဏာအပ်နှင်းပေးခဲ့ကြောင်ူလည်းသိရသည်။

ထို့ပြင် မြေငှားရမ်းသူ (၄)ဦး တို့ကို မေလအတွင်းက ခေါ်ယူကာ စာချုပ်သက်တမ်း ပြည့်မည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်တွင် ထပ်မံ သက်တမ်းမတိုးခြင်းနှင့် ငှားရမ်းခြင်းမပြုတော့ကြောင်း၊ ငှားရမ်းထားသည့် မြေပေါ်မှ ဆိုင်များကိုဖယ်ရှားပေးရန်( ၇)လ ကြိုတင် ခေါ်ယူအသိပေးညှိနှိုင်းခဲ့မှုများအပြင် ဝန်ခံကတိ လက်မှတ်ရယူဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းလည်း ရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

''မြေငှားရမ်းသူ (၄)ဦး တို့အား မေလ အတွင်း ခေါ်ယူပြီး စာချုပ်သက်တမ်း ကြည့်မည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန် မှာ ထပ်မံ သကမတမ်းတိုး ငှားရမ်း ခြင်း မပြုတော့ပါဘူး ၊ ငှားရမ်း ထားတဲ့ မြေပေါ်က ဆိုင်များကိုလည်း ဖယ်ရှားပေးရန်( ၇)လ ကြိုတင် အသိပေး ညှိနှိုင်း ခဲ့ပြီး မြေငှားရမ်းသူများနားလည်သဘောပေါက်အောင် ရှင်းပြပြီး ဝန်ခံကတိလက်မှတ် ရယူဆောင်ရွက် ခဲ့ပြီး ဖြစ်ပါတယ် ''ဟု ရဲမှူးကြီး ဇော်မင်းဦးက ဆက်လက်ပြောကြားသည်။

မြေငှါး ရမ်း ထားသူများအနက် ဦးထွန်းထွန်းဦး သည် ပေ(၁၅၀)ပေ (၁၀၀)ကို နှစ်ပေါင်း (၃၀)စာချုပ်ဖြင့် လည်းကောင်း ၊ ဦးရဲထွဋ်အောင် မှ ပေ (၃၀)ပေ (၁၀၀)မြေအား နှစ်အကန့်အသတ် မရှိ စာ ချုပ်ဖြင့် လည်းကောင်း ၊ ဒေါ်တင်တင်မော် မှာ ပေ( ၆၀)ပေ(၁၀၀)မြေအား နှစ်အကန့်အသတ် မရှိ စာချုပ်ဖြင့် လည်းကောင်း ငှါးရမ်း ထားပြီး ၎င်း တို့ကို စတင် ငှါးရမ်း စဉ်က ဖယ်ရှား ပေးရန် အကြောင်းတစ်စုံ တစ်ရာ ပေါ်ပေါက်လာပါက( ၁)လ ကြိုတင်အသိပေး၍ ဖယ်ရှားရန် စားချုပ် ချုပ်ဆို ခဲ့ရာ နှစ်ဦး နှစ်ဘက် သဘောတူညီ စာချုပ် ချုပ်ဆိုထားကြောင်းသိရသည်။

ယင်းသို့မူးယစ်ပြတိုက်မြေနေရာမှဖယ်ရှားရန်နှင့်ပတ်သက်၍ ငှားရမ်းသူများက ဆောက်လုပ်ရေးဝန်ကြီးဌာနထံ အယူခံဝင်လျှောက်ထားသော်လည်း ဝန်ကြီးဌာနဘက်က ၄င်းအယူခံကိုပယ်ချခဲ့ကြောင်းသိရသည်။

No comments:

Post a Comment