Friday, June 21, 2019

ခရီးသည်များ၏ တိုင်ကြားမှုများ လွယ်ကူစွာစိစစ်နိုင်ရန် YBS ယာဉ်မောင်းများကို ဇွန်လကုန်တွင် စမတ်ကတ်များထုတ်ပေးမည်

ခရီးသည် များမှတိုင်ကြားမှုများကို အလွယ် တကူစိစစ်နိုင်ရန် YBS ယာဉ် မောင်းများကို ဇွန်လကုန်တွင် စမတ်ကတ်များ ထုတ်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောကြား သည်။ ဇွန်၁၉ရက်က YRTA (ရုံးချုပ်)တွင်ပြုလုပ်သည့် မီဒီယာ များနှင့်တွေ့ဆုံပွဲတွင် ဦးအောင် ညီညီမော်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

ယင်းစမတ်ကတ်များ ထုတ် ပေးရာတွင် အများပိုင်ကုမ္ပဏီ များရှိယာဉ်မောင်းများကို ကနဦး ထုတ်ပေးသွားမည်ဖြစ်ပြီး ကုမ္ပဏီ ငယ်များရှိယာဉ်မောင်းများကို ဒုတိယအဆင့်၊ တာဝန်ခံယာဉ် မောင်းများ တတိယအဆင့် ထုတ် ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
""အခုယာဉ်လိုင်းတွေမှာ ယာဉ်မောင်းအင်အား အတိုး လျှော့ရှိလာ၊ စာရင်းတွေ တိုက်စစ် စစ်ဆေးနေတယ်။ ရုံးမှာပဲ ယာဉ် လိုင်းတစ်လိုင်းချင်းစီကို စမတ် ကတ်တွေ ထုတ်ပေးဖို့လုပ်နေပြီ""ဟု ၄င်းကပြောသည်။

ယာဉ်မောင်းများအား စမတ်ကတ်များထုတ်ပေးနိုင်ရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနတွင် ယာဉ်လိုင် စင်မှန်ကန်မှုရှိ၊ မရှိ တိုက်စစ်စစ် ဆေးသည့်လုပ်ငန်းများ လုပ်ဆောင် ရမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကတ်များ ကို ထုတ်ပေးမည်ဖြစ်ကြောင်းသိ ရသည်။
စမတ်ကတ်များ ထုတ်ပေး ခြင်းအားဖြင့် ယာဉ်မောင်းများ နှင့်ပတ်သက်ပြီး တိုင်ကြားသည့် ကိစ္စများ၊ ယာဉ်လိုင်းများမှ ယာဉ် မောင်းများကို ထုတ်ပယ်သည့် ကိစ္စရပ်များကိုစိစစ်ရာတွင် ပိုမို လွယ်ကူမြန်ဆန် သွားမည်ဖြစ် ကြောင်းသိရသည်။

ထို့အပြင် ယာဉ်မောင်းများ ၏ အချက်အလက်အနေဖြင့် မည် သည့် ကုမ္ပဏီ၌ယာဉ်မောင်းနေခြင်း၊ ပြောင်းရွှေ့သည့်ကုမ္ပဏီနှင့် လုပ် ငန်းလုပ်ကိုင်သည့် သက်တမ်း များကိုလည်း လွယ်လင့်တကူရှာ ဖွေနိုင်မည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။YBS ယာဉ်လိုင်း ၁၀ဝ ကျော်မှ လမ်းကြောင်း ၁၀ဝ ကျော်ပြေးဆွဲနေပြီး YBS ယာဉ် အစီးရေ ၆၃၀ဝ ကျော်ဖြင့် ပြေး ဆွဲပေးနေကြောင်းသိရသည်။

No comments:

Post a Comment