Friday, June 21, 2019

တစ်သျှူးငှက်ပျောစိုက်ခင်းများရှိ စိုက်ပျိုးရေးဆေးနှင့်မြေသားနမူနာများ ဓာတ်ခွဲခန်းပို့ စစ်ဆေးနေ၊ အန္တရာယ်ရှိဆေးဝါးများ သုံးနေရကြောင်း အလုပ်သမားများပြော

တစ်သျှူးငှက်ပျောစိုက် ခင်းများရှိ ပိုးသတ်ဆေးနှင့် မြေသားများ အန္တရာယ်ရှိ၊ မရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဓာတ်ခွဲခန်း သို့ ဌာနဆိုင်ရာက ပို့ဆောင်စစ် ဆေးနေစဉ် ယင်းငှက်ပျောစိုက် ခင်းများအတွင်း အန္တရာယ်ရှိ ဆေးဝါးများ သုံးစွဲနေရသည်ဟု အလုပ်သမားများက 7Day Daily အား ပြောသည်။ ကချင်ပြည်နယ်ရှိ တစ်သျှူး ငှက်ပျော စိုက်ခင်းများအတွင်း အန္တရာယ်ရှိ ဓာတုဆေးဝါးသုံးစွဲမှု ရှိ၊ မရှိကို အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော် မတီက ဇွန်လ ၁၄ ရက်မှ ၁၆ ရက်အထိ  ကွင်းဆင်းစစ်ဆေးခဲ့ပြီး စိုက်ခင်းအချို့မှ စိုက်ပျိုးရေးဆေးများ နှင့် မြေသားနမူနာများကို ဓာတ်ခွဲစမ်းသပ်ရန် ယူဆောင်သွားသည်။



‘‘မြေသားနဲ့ ဆေးနမူနာက စိုက်ပျိုးရေး သုတေသန ဦးစီးဌာန က ဓာတ်ခွဲခန်းမှာ စစ်မှာပါ။ အစီရင်ခံစာထွက်လာမှ အားလုံးဘယ်လိုဆိုတာ သိရမယ်’’ ဟု မြေပြင် ကွင်းဆင်းစစ်ဆေးရာတွင် ပါဝင်သော ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။

တရားမ၀င် စိုက်ပျိုးရေးဆေးများ သုံးစွဲနေသည်ဟု နာမည်ကြီးနေသည့် တစ်သျှူးငှက်ပျော ခင်းများမှ မြေသားနှင့် ဆေးအရည်အသွေးကို ပထမဆုံးအကြိမ် အစိုးရက စစ်ဆေးနေစဉ်  ယင်းစိုက် ခင်းများအတွင်း အန္တရာယ်ရှိ ဆေး ၀ါးများ အမှန်တကယ် သုံးစွဲနေရ သည်ဟု ကာယကံရှင် အလုပ် သမားများက 7Day Daily သတင်းစာအား အသိပေးသည်။

‘‘ကျွန်မတို့လည်း တောင်သူ သားသမီးမို့ တောင်ယာ အမြဲတမ်း လုပ်စားပါတယ်။ သုံးတဲ့ ဆေးတွေကတော့ ငှက်ပျောခြံရောက်မှ မြင်ဖူးတာတွေ ရှိတယ်။  ကျွန်မတူတစ် ယောက်ကတော့ ဆေးဖျန်းပြီး တော့ မျက်နှာတအားရောင်တယ်။ ယားတာတွေ ဖြစ်ခဲ့တယ်’’ ဟု မိုးမောက်မြို့နယ်ရှိ ငှက်ပျော စိုက်ခင်းတစ်ခုတွင် အလုပ်လုပ်ခဲ့ သည့် နမ္မတီးမြို့ဒေသခံ ဒေါ်လှရင် က ပြောသည်။

‘‘ဆေးတွေ သုံးလိုက်တာနဲ့ ရောဂါအခံရှိသူတွေဆို မူးတယ်။ တစ်ခါတလေ မေ့လဲကျတယ်။ ဆေးအနံ့ခံလိုက်တိုင်း ခေါင်းတွေကိုက်ပြီး အရမ်းမူးတယ်’’ ဟု ၀ိုင်းမော်မြို့နယ်ရှိ တစ်သျှူးငှက်ပျောစိုက်ခင်းတစ်ခုတွင် အလုပ်လုပ်ခဲ့သည့် ကိုမင်းထွန်းက ပြောသည်။

ဝိုင်းမော်မြို့နယ် ခပ်ချိုရွာတွင် သွားနှင့်ခံတွင်းဆေးခန်းဖွင့်ထားသော ဒေါက်တာဆန်ခေါက အသက်(၄၀)ခန့် အမျိုးသားတစ် ဦးသည် ၎င်း၏ ဆေးခန်းသို့ ဇွန်လ ၁၃ ရက်က လာပြရာ ယင်းလူနာသည် သွားအားလုံးနီးပါး ယိုင်နဲ့နေ ပြီး ဆေးပညာအဆိုအရ Mobility Grade - 3 အဆင့်သို့ ရောက်ရှိနေကြောင်း၊ ခြေထောက်တွင်လည်း ဓာတ်မတည့်၍ ဖြစ်သော ဒဏ်ရာ အများအပြားကို တွေ့ရကြောင်း၊ ယင်းဝေဒနာမှာ ပိုးသတ်ဆေးနှင့် ဆက်စပ်သည်ဟု ယူဆရကြောင်း ပြော သည်။

‘‘မေးကြည့်တော့ တစ်သျှူးငှက်ပျောခြံမှာ ဆေးဖျန်းအလုပ် သမားလို့ ပြောတယ်။ ဆေးလာကုသူတချို့ကို မေးကြည့်တော့ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်ကဆို  လူသေတာတွေ၊ ကိုယ်ဝန်ပျက်ကျတာ တွေ ဖြစ်ဖူးတယ်တဲ့။ အခုနောက် ကျတော့ ဆေးသုံးရင် နှာခေါင်း စည်းတွေ၊ ဘာတွေ တပ်ပေးတာ တွေ လုပ်လာတယ် ပြောတယ်’’ ဟု ဒေါက်တာဆန်ခေါက ပြော သည်။

ယင်းလူနာ၏ဒဏ်ရာကို ၎င်း၏ဆေးခန်းတွင် ကုသ၍ မရနိုင် သောကြောင့် မန္တလေးမြို့သို့ သွား၍ သွားဖုံးအထူးကုနှင့်ပြရန် အ ကြံပေးရာ ငွေကြေးမတတ်နိုင် သောပုံစံဖြင့် ပြန်ထွက်သွားသည် ဟု ဆိုသည်။

တစ်သျှူးငှက်ပျောစိုက်ခင်းများသို့ မြေပြင်ကွင်းဆင်းခြင်း၊ မြေသားနှင့် ဆေးနမူနာကို ဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးခြင်းကို အမျိုး သားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကော်မတီက အဓိက ဆောင်ရွက်ခြင်းဖြစ်၍ စစ်ဆေးမှု

ရလဒ်နှင့် အစီရင်ခံစာထုတ်ပြန် နိုင်မည့်ရက်ကို ၎င်းအနေဖြင့် မပြောနိုင်သေးကြောင်း ဦးကျော် ကျော်ဝင်းက ဆိုသည်။ ကချင်ပြည်နယ် အခြေစိုက် မြေယာလုံခြုံမှုနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကွန်ရက်အဖွဲ့က ၂၀၁၈ အတွင်းပြုလုပ်သော သုတေသနစာတမ်း တွင် ဒေသတွင်း တစ်သျှူးငှက် ပျောစိုက်ပျိုးရေး လုပ်ငန်းခွင်များ ၌ အန္တရာယ်ရှိ ဓာတုဆေးဝါးသုံးစွဲ မှုရှိနေသည်ဟု သတိပေးထား သည်။

No comments:

Post a Comment