Friday, June 21, 2019

ရန်ကုန်မြို့ရှိ ခြံမြေတစ်ပေပတ်လည်စံနှုန်းထား လျှော့ချ

ရန်ကုန်မြို့၏ခြံမြေတစ် ပေပတ်လည်နှုန်းထားသစ်ကို  ဇွန်လဆန်းတွင် ထုတ်ပြန်ခဲ့ရာ ဈေးကွက်ပေါက်ဈေးနှင့်နီးစပ်စေ ရန် ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း ခန့်လျှော့ချကြောင်း အိမ်ခြံမြေ အကျိုးဆောင်အချို့က ပြော သည်။ ရန်ကုန်မြို့တွင်းမြို့နယ်များ နှင့် တောင်ဥက္ကလာပ၊ သင်္ဃန်း ကျွန်းစသောမြို့နယ်များမှ ခြံမြေ များ၏ လာမည့်ဘဏ္ဍာနှစ်အ တွက် စံနှုန်းသတ်မှတ်ချက်ကို ၂၀၁၈ ကထက် ၁၀ ရာခိုင်နှုန်းခန့် လျှော့ချကြောင်း ပြည်တွင်းအခွန် များဦးစီးဌာနက ထုတ်ပြန်သည် ဟု ၎င်းတို့ကဆိုသည်။



ရန်ကုန်မြို့တွင်း မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိခြံမြေများ၏ တစ်ပေပတ်လည်စံနှုန်းကို ကျပ် ၂၂၅,၀၀၀ မှကျပ် ၂၀၀,၀၀၀၊ ရန်ကင်းမြို့နယ် ပါရမီလမ်းရှိ ခြံမြေတစ်ပေပတ်လည်စံနှုန်းကို ကျပ် ၁၈၀,၀၀၀မှကျပ်၁၆၅,၀၀၀၊

သစ္စာလမ်းမှာကျပ် ၂၀၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀၊ တက္ကသိုလ်ရိပ် သာလမ်းသစ်မှာ ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၂၂၅,၀၀၀ သို့ အသီးသီး လျှော့ချခဲ့သည်။ သို့သော် ရန် ကင်းကမ္ဘာအေးဘုရားလမ်းတစ် လျှောက်မြေတစ်ပေပတ်လည်စံ နှုန်းမှာ ယခင်ကဲ့သို့ကျပ်လေးသိန်း ဖြင့် အတက်၊ အကျမရှိပေ။ရန် ကုန်မြို့ပြင် မြို့နယ်များဖြစ်သော အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်း ရှိ မြေတစ်ပေပတ်လည်နှုန်းထား ကို ကျပ် ၁၈၀,၀၀၀ မှ ကျပ် ၁၆၅,၀၀၀ သို့ လျှော့ချခဲ့သည်။

ပြည်လမ်းတစ်လျှောက် လှိုင်၊ မရမ်းကုန်းမြို့နယ်တို့တွင် တစ်ပေပတ်လည်စံနှုန်းကို ကျပ် ၃၀၀,၀၀၀ မှကျပ် ၂၈၀,၀၀၀၊ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းကို ကျပ် ၃၀၀,၀၀၀ မှ ကျပ် ၂၈၀,၀၀၀ သို့လည်း အသီးသီး လျှော့ချသတ်မှတ်သည်။

သို့သော် မြောက်ဒဂုံမြို့နယ် ရှိ တစ်ဧကမြေကွက်များကို ကျပ် သိန်း ၄၀၀ မှ သိန်း ၆၀၀ သို့ စံနှုန်း တိုးမြှင့်သတ်မှတ်သည်။

အိမ်ခြံမြေတစ်ပေပတ်လည် စံနှုန်းများ လျှော့ချသတ်မှတ်ခဲ့ သော်လည်း ရန်ကုန်အိမ်ခြံမြေ ဈေးကွက် သိသာစွာထူးခြားလာ မည်မဟုတ်ကြောင်း ဦးသန်းဦးက သုံးသပ်ပြောကြားသည်။

‘‘အရောင်းအ၀ယ်လုပ်တဲ့ အခါ အခွန်ဆောင်နိုင်ဖို့ ပကတိ အခြေအနေနဲ့ မကွာအောင်စံနှုန်း တွေပြင်ထားတာပါ’’ ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဦးသန်းဦး က ပြောသည်။

မြို့တွင်းမြို့နယ်များအပါ အ၀င် လူနေများသောမြို့နယ်များ ရှိ ခြံမြေများ၏ တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်ကို လျှော့ချ ထားသော်လည်း မြောက်ဒဂုံမြို့ နယ်မှ မြေကွက်ဈေးနှုန်းများကိုမူ တိုးမြှင့်ထားသည်။

‘‘အရောင်းအ၀ယ်တကယ် ဖြစ်နေတယ်လို့ ထင်လို့ဖြစ်မယ်’’ ဟု iMyanmar House.com မှ မန်နေဂျင်းဒါရိုက်တာဦးနေမင်း သူက ပြောသည်။ ဈေးကွက်ပေါက်ဈေးနှင့် နီး စပ်သော တစ်ပေပတ်လည်စံနှုန်း သတ်မှတ်ချက်ကို ပြောင်းလဲ ခြင်းကြောင့် အိမ်ခြံမြေရောင်းဝယ် မှုများတွင် အခွန်ဆောင်မှုများ တိုးလာနိုင်သည်ဟု ၎င်းကဆို သည်။

No comments:

Post a Comment