Friday, June 21, 2019

အေစီမီလန်က ဂျီယမ်ပေါ်လိုကို နည်းပြသစ်ခန့်အပ်

 အေစီမီလန်အသင်းက ဆမ်ဒိုးရီးယားနည်းပြဟောင်း မာ ကိုဂျီယမ်ပေါ်လိုကို ၂ နှစ်စာချုပ် ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်ပြီး တစ်နှစ် သက်တမ်းတိုးပိုင်ခွင့် လည်း ထည့်သွင်းခဲ့သည်။ ဂျီယမ်ပေါ်လိုသည် အေစီမီ လန်ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲ ချော်ခဲ့ပြီးနောက် ပြီးခဲ့သည့်လက နုတ်ထွက်ခဲ့သော ဂတ်တူဆိုနေရာ ဆက်ခံမည်ဖြစ်သည်။ ဂျီယမ်ပေါ်လိုသည် ဆမ်ဒိုး ရီးယားအသင်းကို စီးရီးအေ နံပါတ် (၉) နေရာသို့ပို့ဆောင်ခဲ့ပြီး နောက် ရာသီကုန်တွင် အသင်းမှ ထွက်ခွာခဲ့သည်။ ပေါ်လို (၅၁) နှစ်သည် ဂယ် ဂလီယာရီ၊ ဆီနာ၊ ဘရက်စီယာ နှင့် အမ်ပိုလီတို့ကိုလည်း ကိုင် တွယ်ဖူးသည်။



အေစီမီလန်၏ ဂန္ထဝင်များ ဖြစ်သော ဇိုနီမာဘိုဘန်နှင့် မာလ် ဒီနီတို့က အသင်းတွင်ရာထူးသစ် များ ရယူခဲ့ပြီးနောက် ဂျီယမ်ပေါ် လိုရောက်လာခြင်းဖြစ်သည်။

ဘိုဘန်သည် ဖီဖာ၏လက် ထောက်အတွင်းရေးမှူး ရာထူးကို လွှတ်ကာ မီလန်တွင် ဘောလုံး အားကစားဒါရိုက်တာရာထူး ရ ယူခဲ့သည်။ အေစီမီလန်အသင်းခေါင်း ဆောင်ဟောင်း မာလ်ဒီနီက ကလပ်၏ နည်းစနစ်ဒါရိုက်တာ သစ်အဖြစ် တာဝန်ယူမည်ဖြစ် သည်။ ဥရောပခုနစ်ကြိမ်ချန်ပီယံ အေစီမီလန်သည် ၂၀၁၃-၁၄ က တည်းက ချန်ပီယံလိဂ်တွင် မက စားရသေးပေ။

No comments:

Post a Comment