Friday, June 21, 2019

“လားရှိုးမြို့သို့ ကျောင်းတာဝန်ဖြင့် အချိန်မှီ ရောက်ရှိနိုင်ရန် နမ္မတူမြို့နယ်မှ ကျောင်းဆရာ၊ ဆရာမ (၆)ဦး နိဗ္ဗာန်ယာဉ်ဖြင့် လိုက်ပါခဲ့ကြရ”

Image may contain: one or more people, people standing, car, tree and outdoorရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှ ကျောင်းဆရာ၊ ဆရာမ (၆)ဦးမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်ပိုင်းက ကျောင်းတာဝန်ဖြင့် လားရှိုးသို့သွားရန် နာရေးကူညီမှုအသင်းတခု၏ နိဗ္ဗာန်ယာဉ်ဖြင့် သွားရောက်ခဲ့ရကြောင်း မျက်မြင် ဒေသခံတဦးထံက ပြောပြခဲ့ပါသည်။ နမ္မတူမြို့နယ်က ကျောင်းဆရာ၊ ဆရာမတွေ လားရှိုးကို ကျောင်းဝတ်စုံတွေနဲ့ သင်တန်းသွားတက်ဖို့ ဆိုပြီး အချိန်မှီ ရောက်ရှိနိုင်ရေးအတွက် နမ္မတူ- လားရှိုး ခရီးကို နာရေးကူညီမှုအသင်းက နိဗ္ဗာန်ယာဉ် နဲ့ ပါသွားတာကို တွေ့လိုက်ရတာပါ… အခုဘဲ မန်စန်ကထွက်သွားပါပြီ …. လားရှိုးမြို့ကို မကြာခင်ရောက်ကြမှာပါ …. ဟု ဒေသခံတဦးက အဆိုပါဖြစ်စဉ်အပေါ်၌ စိတ်ဘ၀င်မကျစွာဖြင့် ထိုနေ့၏ နံနက်(၆း၅၂)အချိန်၌ ဆက်သွယ် ပြောပြခဲ့ခြင်းဖြစ်ပါသည်။



လားရှိုးမြို့၊ ဂေါက်ကွင်းအနီးမှ သွားရောက်ကာ ၄င်းနိဗ္ဗာန်ယာဉ်ဖြင့် ကျောင်းဆရာ၊ ဆရာမများ စီးနင်းလာသည်ဆိုသည်ကို ဟုတ်မှန်ခြင်း ရှိ၊ မရှိ စုံစမ်းစောင့်ကြည့်ခဲ့ပါသည်။

နံနက်(၈း၂၀)ခန့်၌ လားရှိုးမြို့ ဂေါက်ကွင်းအနီး ရထားသံလမ်းသို့ ဖြတ်သန်း ၀င်ရောက်လာခဲ့သည့် စူပါကာစတန် တစီးကို ကားအနောက်ပိုင်းနှင့် ဘေးဘက်တို့၌ နိဗ္ဗာန်ယာဉ် ဟူသောစာတန်းပါ ကားကို တွေ့လိုက်ရပြီး ကျောင်းဆရာမများနှင့် ကျာင်းဆရာနှစ်ဦး လိုက်ပါ စီးနင်းလာခဲ့ကြောင်း ယင်းကားနောက်မှ လိုက်လံ ကြည့်ရှုစဉ် လားရှိုးတက္ကသိုလ်ရှေ့အရောက်၌ ကားပေါ်မှ ဆရာ၊ ဆရာမများအားလုံးဆင်းကြစဉ် လိုက်ပါလာကြသည့် ဆရာ၊ဆရာမများကို တွေ့ရှိခဲ့ရခြင်းဖြစ်ပါသည်။

၎င်းယာဉ် မှာ လားရှိုးမြို့နမ္မတူလမ်းခွဲမီးပွိုင့်မှ လားရှိုးတက္ကသိုလ်ဘက်သို့ တလျှောက် မောင်းတက်သွားခဲ့ခြင်းဖြစ်ကာ တက္ကသိုလ်ရှေ့၌ ဆရာ၊ဆရာမများ ဆင်းရန် ရပ်တန့် ပေးခဲ့ခြင်းဖြစ်သလို ဆရာမများက လိုက်ပါစီးနင်းခ၊ ကားခကိုပင် ပေးနေရသည်ကို ၄င်းတို့အနီး မြင်တွေ့သူ မှ ဆက်လက် ပြောပြခဲ့ပါသည်။

ယင်းဖြစ်စဉ်အပေါ် တွေ့မြင် ကြားသိသူများမှာ ဆရာ၊ ဆရာမများအတွက် လွန်စွာ ဂရုနာသက်ရကြောင်းနှင့် မည်သို့မျှပင် နားလည်လက်ခံ စဉ်စား၍မရနိုင်သည့် ယင်းဖြစ်စဉ်၊ နံနက်အစောပိုင်း မင်္ဂလာရှိသည့် အချိန်အခါ တွင် ကျောင်းဆရာ၊ ဆရာမများမှ ကျောင်းတက်ယူနီဖောင်းများ ကိုယ်စီဝတ်ဆင်ကာ မိုင်(၄၀)ထက်မနည်းသော ခရီးအကွာအဝေးရှိ လားရှိုးမြို့သို့ ကျောင်းတာဝန်ဖြင့် သွားရန် နိဗ္ဗာန်ယာဉ်ဖြင့်သွားသည်ဆိုသည်မှာ မည်သူကမျှ လိုလိုလားလား စီးနင်းလိုက်ပါ ချင်မည်မဟုတ်ကြသလို အချိန်မှီ လားရှိုးမြို့သို့ ရောက်ရှိရန်လိုအပ်သည့် သင်တန်းတက်ချိန်အမှီ ရောက်ရှိနိုင်ရေးအတွက် ယင်းကဲ့သို့ ကားကြုံကို စောင့်ဆိုင်းနေစဉ် ၄င်းယာဉ်ကိုသာ တွေ့ရှိခဲ့ရသည့်အတွက် မလွဲမရှောင်သာ အချိန်မှီနိုင်ရေး အတွက် လိုက်လံစီးနင်ခဲ့ရခြင်းသာလျှင်ဖြစ်နိုင်ကြောင်းကို မြင်တွေ့ ကြားသိသူမှ အချို့က သုံးသပ်ပြောဆိုနေကြပါသည်။

တာဝန်ဖြင့် ခရီးသွားခြင်းဖြစ်ရာ သက်ဆိုင်ရာဌာန အကြီးအကဲမှဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ်၏ အုပ်ချုပ်ရေး တာဝန်ရှိသူများမှပင်ဖြစ်စေ ယင်းကဲ့သို့ ဟိုင်းဝေး အသွားအလာ ကားရှားပါး တတ်သည့် မြို့နယ်များအနေဖြင့် နံနက်စောစော လားရှိုးသို့ သင်တန်းချိန်အမှီ ကျောင်းဆရာ၊ ဆရာမများ ရောက်ရှိနိုင်ရေးအတွက် တနည်းနည်းဖြင့် စီစဉ်ဆောင်ရွက် ပေးသင့်ကြောင်း ဒေသခံတဦးနှင့် ၄င်းလမ်းအပိုင်း အငှားယာဉ် မောင်းတဦးတို့က ဝေဖန်ပြောဆိုနေကြပါသည်။

မည်သို့ပင်ဆိုစေကာမူ တပည့်မရှား၊ တပြားမရှိ ပီတိကိုစား အားရှိသည်ဆိုသည့် ကျောင်းဆရာ၊ ဆရာမများ၏ ဘ၀ကို စာနာနားလည်တတ်သူ လားရှိုးမြို့ခံတဦးမှာတော့ ကျေးလက်ဒေသတွေမှာ တာဝန်ကျနေကြရတဲ့ ဆရာမတွေ၊ ဆရာတွေကတော့ ဒီလိုဖြစ်စဉ်ကဲ့သို့ အလာတူဖြစ်စဉ်မျိုးလို့ ဆိုနိုင်တဲ့ ဖြစ်စဉ်တွေကို ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းရင်းနဲ့ သူတို့တွေရဲ့ ဘ၀တွေကို ကျောင်းသားကျောင်းသူတွေတိုင်းအတွက် အလှဆင်နေကြရသူတွေသာ ဖြစ်ကြကြောင်း၊ ၄င်းမြင်တွေ့ခဲ့ဘူးသည့် ကျေးလက်ဒေသ၌ တာဝန်ကျနေကြ သည့် ကျောင်းဆရာ ဆရာမများ ၏ ကျောင်းဖွင့်ရက်များစွာကို ကျောင်းတက်သွားလာနေကြသည့် ဖြစ်စဉ်များအပေါ် ရှုမြင်သုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

ဖော်ပြပါ ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဖြစ်သည့် ဇွန်(၁၆)ရက်နေ့တွင် လားရှိုးမြို့ရှိ အချို့သော ကျောင်းဆရာ၊ ဆရာမများလည်း မြို့တွင်းကျောင်းတက် ယူနီဖောင်းများဝတ်ဆင်ကာ ၄င်းနံနက်ပိုင်းက သွားလာနေကြသည် ကိုတွေ့ရှိရပါသည်။

စုံစမ်းမှုပြုခဲ့ရာတွင် အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းနှင့် သက်ဆိုင်သည့် ဆရာ၊ ဆရာမများကို လားရှိုးတက္ကသိုလ်တွင် တက္ကသိုလ်ဝင်တန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ် ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသလို ထိုနေ့ တရက်တည်းပင်ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရသည်။

ထို့အတွက်ကြောင့်ပင် နယ်မြို့များမှ လာရောက်ကြသည့် ဆရာ၊ဆရာမများမှ မိမိတို့ နယ်မြို့များသို့ ပြန်လည်ခရီးဆက်နိုင်ရေး အချိန်ရသလို ဟိုင်းဝေးကားကြုံများဖြင့် ခရီးဆက်ကြကြောင်း  သိရှိရပါသည်။

No comments:

Post a Comment