Friday, June 21, 2019

တိုတယ်ကုမ္ပဏီ ရှေ့နှစ်တွင် မြန်မာ့ပင်လယ်ပြင်နှစ်နေရာ၌ ရေနံနှင့်ဓာတ်ငွေ့ ရှာဖွေမည်

 မြန်မာ့ပင်လယ်ရှိ ဟိုင်း ကြီးကျွန်းနှင့် ပါလီပါလဲ့ကျွန်းအနီး ၌ ပြင်သစ်ရေနံကုမ္ပဏီ Total က ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး တွင်း တူးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။ ရှာဖွေရေးတွင်း တူးဖော်မည့်နေရာမှာ M-5 ကမ်းလွန်လုပ် ကွက်အတွင်းဖြစ်ပြီး ပါလီပါလဲ့ ကျွန်းမှ ၁၇ ကီလိုမီတာ (၁၀ မိုင်) နှင့် ဟိုင်းကြီးကျွန်းမှ ၁၃၅ ကီလိုမီတာ (မိုင် ၈၀ ကျော်) ကွာဝေး မည်ဟု ပြင်သစ်ကုမ္ပဏီက ထုတ် ပြန်ထားသည်။



M-5 လုပ်ကွက်သည် လက် ရှိ ရတနာသဘာဝဓာတ်ငွေ့တူး ဖော်ရေးရေနံစင် တည်ရှိပြီး မြန် မာနိုင်ငံတွင် ဒုတိယမြောက် ပေါ် ပေါက်သည့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက်ဖြစ်သည်။

M-5 လုပ်ကွက်သည် ပြင် သစ် Total ကုမ္ပဏီ၊ အမေရိကန် Unocal ကုမ္ပဏီနှင့် ထိုင်းရေနံ ကုမ္ပဏီ PTTEPI တို့ အချိုးကျ ပိုင်ဆိုင်ပြီး ၁၉၉၂ တွင် လုပ်ကိုင် ခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

အဆိုပါသဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှုများကို ဆန်းစစ်လေ့လာမှုများ ၂၀၁၉ ဇွန်လအထိလုပ်ကိုင်နေသည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။  Total ကုမ္ပဏီက လုပ်ကိုင် ခွင့်ရထားသည့် လုပ်ကွက်များမှာ မုတ္တမကမ်းလွန်ရှိ M-5 နှင့် M-6 ကမ်းလွန်လုပ်ကွက်များ ဖြစ် သည်။ M-5 လုပ်ကွက်တွင် လက်ရှိ ရတနာသဘာဝဓာတ်ငွေ့တူး ဖော်ရေးရေနံစင်ရှိသည်။ ယင်း ရေနံစင်မှ နေ့စဉ် သဘာဝဓာတ် ငွေ့ ကုဗပေသန်း ၇၈၀ ထုတ်နိုင် သည်။ လက်ရှိတွင် ထိုရေနံစင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု သည် တဖြည်းဖြည်း ကျဆင်း ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ဆိုထားသည်။

Total ကုမ္ပဏီက ရှယ်ယာ ၄၀ ရာခိုင်နှုန်းပါဝင်သည့် ရခိုင် ပြည်နယ်တောင်ပိုင်း ဧရာဝတီ ကမ်းလွန်ရှိ A-6 လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့စီးပွားဖြစ်ထုတ် လုပ်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ သည်။ ထို့နောက် Total ကုမ္ပဏီ က ကမ်းလွန်သဘာဝဓာတ်ငွေ့ ထပ်မံရှာဖွေခြင်းဖြစ်သည်။

Total ကုမ္ပဏီသည် မြန်မာ့ ကမ်းလွန်ပင်လယ်တွင် M-5, M-6 အပြင် တနင်္သာရီကမ်းလွန် YWB လုပ်ကွက်များကို သဘာဝ ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်း များအတွက် တင်ဒါလုပ်ကိုင်ခွင့် ရထားသည်။ ထို့ပြင် ရခိုင်ပြည်နယ်တောင် ပိုင်း ဧရာဝတီကမ်းလွန်ရှိ A-6 လုပ်ကွက်တွင် သြစတြေးလျရေနံ ကုမ္ပဏီ Woodside နှင့် ပြည်တွင်း မှ MPRL E&P ကုမ္ပဏီတို့ အ ကျိုးတူလုပ်ကိုင်ခွင့်ရထားသည်။

No comments:

Post a Comment