Friday, June 21, 2019

မြန်မာကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် ၂၂ ဆင့် မြင့်တက်

 မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ သည့် မြန်မာ့လက်ရွေးစင်ကြက် တောင်အားကစားမယ်သက်ထား သူဇာသည် ကမ္ဘာ့အဆင့်သတ် မှတ်ချက် ၂၀ ကျော်မြင့်တက်လာ ပြီး လက်ရှိကမ္ဘာ့အဆင့် (၁၁၃)၌ ရပ်တည်နေသည်။ သက်ထားသူဇာသည် ဇွန် လဒုတိယပတ်က ကျင်းပသည့် မောရစ်သျှနိုင်ငံတကာ ကြက် တောင်ပြိုင်ပွဲတွင် အိမ်ရှင်မော ရစ်သျှ၊ မလေးရှား၊ အိန္ဒိယနှင့် ဖင်လန်နိုင်ငံတို့မှ ကစားသမားတို့ ကို ကျော်ဖြတ်၍ ရွှေတံဆိပ်ဆွတ် ခူးခဲ့သည်။



ထို့ကြောင့် မူလက ကမ္ဘာ့အ ဆင့် (၁၃၅) သာရှိခဲ့သည့် သက် ထားသူဇာသည် ယခုတစ်ပတ် တွင် ၂၂ ဆင့် မြင့်တက်ကာ ကမ္ဘာ့အဆင့် (၁၁၃) သို့ ရောက်ရှိခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၈ မှ ၂၀၁၉ ဇွန်လအထိ  နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ ရှစ်ပွဲယှဉ်ပြိုင်ရာ ၃၈ ပွဲနိုင်၊ ၁၅ ပွဲ ရှုံးနိမ့်ပြီး စုစုပေါင်း ၁၄,၇၁၀ မှတ်ရရှိကြောင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ ၀က်ဘ်ဆိုက်၌ ဖော်ပြထားသည်။

အသက် (၂၀)အရွယ် သက် ထားသူဇာသည် ၂၀၁၈ အောက် တိုဘာ၊ ၂၀၁၉ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ကျင်းပသည့် အီ ဂျစ်၊ ယူဂန်ဒါနှင့် ကင်ညာနိုင်ငံ တကာ ကြက်တောင်ပြိုင်ပွဲသုံးခု၌ ကမ္ဘာ့အဆင့်ရှိ နာမည်ကြီး ကစားသမားများကို ကျော်ဖြတ်၍ ရွှေတံဆိပ်သုံးခု ဆွတ်ခူးခဲ့သည်။ ထို့ကြောင့် မောရစ်သျှနိုင်ငံတ ကာကြက်တောင်ပြိုင်ပွဲ ရွှေတံ ဆိပ်ဆုသည် ၎င်းအတွက်စတုတ္ထ မြောက် နိုင်ငံတကာရွှေတံဆိပ်ဆု ဖြစ်သည်။ သက်ထားသူဇာသည် ယခု နှစ်တွင် ကျင်းပမည့် ၂၀၂၀ တိုကျို အိုလံပစ်ကြက်တောင်ပြိုင်ပွဲ လက်ရည်စစ်ပွဲဝင်ပြိုင်ခွင့်ရရှိရန် ကမ္ဘာ့အဆင့် ၁၀၀ အတွင်း ၀င် ရောက်ရမည်ဖြစ်ပြီး အဆင့်သတ် မှတ်ချက်မြင့်တက်ရန် နိုင်ငံတ ကာပြိုင်ပွဲများ ဆက်တိုက်ယှဉ် ပြိုင်နေသည်။

No comments:

Post a Comment