Friday, June 21, 2019

အစိုးရအဆိုပြုသည့် စစ်ရှောင်စခန်းများပိတ်သိမ်းရေးဆိုင်ရာအချက်အလက်များကို KIO ထံ တင်ပြထားဟု KHCC ပြော

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)က အဆိုပြု ထားသည့် ကချင်ပြည်နယ်ရှိ စစ် ရှောင်စခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အချက်အလက်များကို ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ထံ တင်ပြထားကြောင်း ကချင်ဒေသစစ်ဘေးရှောင်ပြည် သူများ ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) အတွင်းရေး မှူးဦးခါးလီက ပြောကြားသည်။ ကချင်ဘာသာရေးခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထားသည့် KHCC သည် ကချင်ဒေသရှိ စစ် ဘေးရှောင်ပြည်သူများ နေရပ်ပြန် နိုင်ရေး NRPC အပါအ၀င် ပြည် ထောင်စုအစိုးရ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံညှိ နှိုင်းပြီးနောက် ယခု ဇွန်လတတိယ ပတ်တွင် KIO/KIA ထံသို့ စစ် ရှောင်စခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အချက်အလက်များ တင် ပြခဲ့သည်။



‘‘NRPC ကနေ တင်ပြလာ တဲ့ဟာကို KIO/KIA ကို ပြန်တင် ပြထားပြီးပြီ။ သူတို့က ဘာမှ အ ကြောင်းမပြန်သေးဘူးခင်ဗျ။ အ ခုက စခန်းပိတ်သိမ်းရေးနဲ့ပတ် သက်တဲ့ အချက်အလက်တွေ အဲဒါနဲ့ပတ်သက်တာရော၊ အဲဒီ strategy မှာရော KIA က ဘယ် လိုမျိုးအမြင်ရှိလဲ၊ သူတို့ ဘယ်လို မျိုးအမြင်သဘောထားတွေရှိလဲ ဆိုတာမျိုး ကျွန်တော်တို့ မေးထား ပါတယ်’’ဟု ဦးခါးလီက ပြော ကြားသည်။

KIO/KIA ၏ အကြောင်းပြန် ကြားချက်ရရှိမှသာ စစ်ရှောင်များ နေရပ်ပြန်ရေး NRPC နှင့် ထပ်မံ တွေ့ဆုံဆွေးနွေးညှိနှိုင်းမည်ဟု ၎င်းက ဆိုသည်။ NRPC နှင့် KHCC တို့ ဇွန်လနောက်ဆုံးပတ် တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

‘‘အကြောင်းပြန်မလာရင် တော့ ဆက်ဆွေးနွေးဖို့ မလွယ်ဘူး ခင်ဗျ။ ကျွန်တော်တို့ ရွေးချယ် သွားမယ့်ရွာအပေါ်မှာ သူတို့ရဲ့ သဘောထားအမြင်၊ သူတို့သ ဘောတူညီချက်လိုတယ်’’ ဟု ဦးခါးလီက ပြောသည်။

ကနဦးအနေဖြင့်  ကျေးရွာ ၂၄ ရွာ နေရပ်ပြန်လည်နေရာချ ထားရေး ဆောင်ရွက်ရန်ဆွေးနွေး မှုများရှိကြောင်း၊ အစိုးရ၊ တပ်မ တော်နှင့် KIO/KIA တို့၏သဘော တူညီချက်ဖြင့် ဆောင်ရွက်မှသာ စစ်ရှောင်များ နေရပ်ပြန်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း KHCC က ဆိုသည်။

KHCC က စစ်ရှောင်အရေး ဆိုင်ရာများ တင်ပြထားသည်နှင့် ပတ်သက်ပြီး မေးမြန်းရန် KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီးနော်ဘူထံ ယမန်နေ့က ဖုန်း ဆက်သွယ်ရာ အဆက်အသွယ် မရရှိပေ။

တပ်မတော်နှင့် KIA တို့အ ကြား ၂၀၁၁ က စတင်သည့် တစ်ကျော့ပြန်စစ်ပွဲကြောင့်ရှစ်နှစ် အတွင်း ကချင်ပြည်နယ်ရှိ အရပ် သားပြည်သူများစွာ ထိခိုက်နစ်နာ ခဲ့သည်။ စစ်ရေးပဋိပက္ခကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာတိမ်း ရှောင်ရခြင်း များရှိခဲ့ရာ လက်ရှိအထိ လူ တစ်သိန်းကျော် စစ်ဘေးဒုက္ခ သည်စခန်းများ၌ စားဝတ်နေရေး ခက်ခဲစွာ နေထိုင်နေရကြောင်း ကူညီရေးအဖွဲ့ တာဝန်ရှိသူများ က ပြောသည်။ အစိုးရ ငြိမ်းချမ်းရေးဆွေး နွေးရေးကိုယ်စားလှယ်အဖွဲ့အ နေဖြင့်  KIO/KIA အပါအ၀င်  မြောက်ပိုင်း လက်နက်ကိုင်လေး ဖွဲ့နှင့်  ဧပြီ ၃၀ ရက်က ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ အပစ်အ ခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်း ရန် သဘောတူညီခဲ့သည်။ သို့ရာ တွင် ဆွေးနွေးပွဲကျင်းပမည့်နေရာ ညှိနှိုင်းမရသေး၍ ဆွေးနွေးပွဲ ထပ်မံမကျင်းပနိုင်သေးဘဲ ကြန့် ကြာနေသည်။

No comments:

Post a Comment