Friday, June 21, 2019

တင်သွင်းခွင့်လိုင်စင်အား ပုဂ္ဂိုလ်ရေးအရ မပေးသည့် စီးပွား/ကူးသန်းညွန်မှူးကို သမ္မတထံ တိုင်ကြားမည်

ိုင်ငံရပ်ခြားမှတင်သွင်းလာသည့် မုန်လာဥနီ တန်ချိန် ၂၀၀ကျော်၊ငွေကျပ် သိန်း ၂၀၀၀ခန့်တန်ဖိုးရှိ ကုန်ပစ္စည်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွန့်ကြားရေးမှူးဖြစ်သူမှ ပုဂ္ဂိုလ်ရေးအရတင်သွင်းခွင့်လိုင်စင်မပေးသည့်အပေါ် နိုင်ငံတော်သမ္မတထံတိုင်ကြားသွားမည်ဖြစ်ကြောင်း ဝင်းရတီထွန်းကုမ္ပဏီ၏MD ဦးလှဝင်းတင့်က ပြောကြားသည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွန့်ကြားရေးမှူးဖြစ်သူက ၄င်းကုန်ပစ္စည်းများကို ပုဂ္ဂိုလ်ရေးအရ တင်သွင်းခွင်လိုင်စင်ထုတ်ပေးခဲ့ခြင်းမရှိကြောင့် လက်ရှိတွင် ဝင်းရတီထွန်းကုမ္ပဏီအနေဖြင့် ငွေကျပ်သိန်းပေါင်း ၂၀၀၀ခန့်ဆုံးရှုံးနေကြောင်း ၄င်းကဆိုသည်။

'''ကျွန်တော်တို့က တရားဝင်တင်သွင်းတဲ့ပစ္စည်းကို တရားမဝင်ပါဘူးလို့ ပုဂ္ဂိုလ်ရေးအရ သောက်မြင်ကပ်တဲ့ပုဒ်မနဲ့လုပ်လို့ ကျွန်တော်တိုင်ရတာ။ဘယ်လိုပုဂ္ဂိုလ်ရေးအရလဲဆိုရင် ငါမပေးနိုင်ဘူးကွာဆိုတာ အဲ့ဒါပုဂ္ဂိုလ်ရေးအရဖြစ်သွားပြီ။ အဲ့လိုပြောသွားလို့ ကျွန်တော်တိုင်တာပါ။သိန်း ၂၀၀၀လောက် ဆုံးရှုံးသွားတယ်''ဟု ဝင်းရတီထွန်းကုမ္ပဏီ၏MD ဦးလှဝင်းတင့်က ပြောကြားသည်။

ထို့ပြင် ''အခုတိုင်ဖို့လုပ်နေတယ်။ဒါအကြံအကြိုပြုတာ ပဲ။နောက်ကျရင်တရားပါထပ်စွဲဦးမယ်။ရက်သတ္တပတ်အတွင်းမှာတိုင်သွားမှာပါ'' ဟု ဝင်းရတာနာကုမ္ပဏီ၏ MDဖြစ်သူ ဦးလှဝင်းတင့်ကဆက်လက်ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ကုန်စိမ်းကုန်ပစ္စည်းများနှင့်ပတ်သက်၍ ၃ရက်အတွင်း တင်သွင်းခွင့်လိုင်စင်ကို ထုတ်ပေးရမည်ဖြစ်သော်လည်း လက်ရှိတွင် ၆ လအချိန်ကာလကြာမြင့်သည့်တိုင်ထုတ်ပေးခြင်းမရှိသည့်အတွက် ယင်းပစ္စည်းများကို သိမ်းဆည်းခြင်း(သို့မဟုတ်) သွင်းကုန်လိုင်စင်ထုတ်ပေးစေခြင်းကြောင်း ဝင်းရတီထွန်းကုမ္ပဏီမှ ဦးလှဝင်းတင့်၏ အကျိုးဆောင် တရားလွှတ်တော်ဦးမြင့်သန်းက ပြောကြားသည်။

"ဒါကိုအကျယ်အကျယ်မဖြစ်အောင် ဒီကုမ္ပဏီရဲ့နစ်နာဆုံးရှုံးမှုကိုဘယ်လိုလုပ်ပေးမလဲ။ဘာကြောင့်မို့လို့ ဒီလိုမျိုးအကြားကြီးဖြစ်နေတာလဲ။၆လ ။ဆိပ်ကမ်းရောက်နေတာဆိုတော့ နေ့စဉ်ပလပ်ထိုးထားတာ။အအေးခန်းက မီတာတွေတက်နေတယ်။ဆိပ်ကမ်းကပ်ခတွေတက်နေတယ်။အဲ့တော့ နေ့စဉ် ဒီကုမ္ပဏီက ပိုက်ဆံကုန်ကျမှုတွေရှိနေတ ယ်။ဖြေရှင်းလို့မပြီးမချင်း။သိမ်းလိုက်ပြီဟေ့ဆိုရင် သွန်ပစ်လိုက်။မပြတ်ဘူးဖြစ်နေတယ်။ကိစ္စကပြန်ပေးမယ်ဆိုရင်လည်း ဒဏ်ရိုက်ပြီးတော့ ပြန်ပေးမှာလား။အဲဒိလိုမပျက်သေး လို့တရားစွဲလို့မရသေးဘူး။ဒါကြောင့်ဒီနေ့ပြီးရင် နဲနဲစောင့်ကြည့်မယ်။ပြီးရင် နိုင်ငံတော်အကြီးအကဲတွေဆီစာ တင်ပြီးတရားဝင်တိုင်ဦးမယ်''ဟု တရားလွှတ်တော်ဦးမြင့်သန်းက ပြောကြားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကမူ ယင်းကုန်းပစ္စည်းများသည် တင်သွင်းခွင့်မတောင်းခံမီ တင်သွင်းလာခြင်းနှင့် ၄င်းကုမ္ပဏီအနေဖြင့် ကုန်ပစ္စည်းများကို ရေလမ်းကြောင်းမှတင်သွင်းခဲ့ခြင်းမရှိသည့်အတွက် လိုင်စင်မထုတ်ပေးခြင်းဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူထံအကြောင်းပြန်ကြားထားကြောင်းသိရသည်။

သို့သော် ကုမ္ပဏီတာဝန်ရှိသူများဘက်မူ ရေလမ်းကြောင်းမှတင်သွင်းမှုကို ပြီးခဲ့သည့် ၂၀၁၆ခုနှစ်မှစတင်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းနှင့်တောင်အာဖရိက၊အီဂျစ်၊တရုတ်နှင့်ထိုင်းနိုင်ငံတို့မှတင်သွင်းခဲ့ကြောင်း ဝင်းရတီထွန်းကုမ္ပဏီမှMD ဦးလှဝင်းတင့်က ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

No comments:

Post a Comment