Friday, June 21, 2019

တုပ်ကွေးရောဂါကာကွယ်ဆေးမှာ ရာသီတုပ်ကွေး (H1N1)ကိုပါ ကာကွယ်နိုင် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းနှင့် တွေ့ဆုံခြင်း

လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေး Influenza Type A(H1N1) pdm 09 ရောဂါကြောင့် သေဆုံးသူဦးရေမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငါးဦးရှိပြီဖြစ်သည်။ သေဆုံးသူများတွင် အသက် (၆)လအရွယ်နှင့် နာတာရှည်ရောဂါအခံရှိသူများလည်း ပါဝင်သည်။ ထို့ကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးနှင့်ပတ်သက်၍ ကလေး အထူးကုဆရာဝန်ကြီး  ပါမောက္ခဒေါက်တာစောဝင်းအား မေးမြန်း ထားမှုကို ဖော်ပြလိုက်ပါသည်။
လတ်တလောဖြစ်ပွားနေတဲ့ရာသီတုပ်ကွေး Influenza Type A(H1N1) pdm 09 ရောဂါအ ကြောင်းရှင်းပြပေးပါ။



ရာသီတုပ်ကွေးကတော့ အ သက်ရှူလမ်းကြောင်းက ကူးစက် ပါတယ်။ ရောဂါဖြစ်နေတဲ့သူက နှာချေချောင်းဆိုးပေါ့။ အဲဒီလိုချေ လိုက်လို့ရှိရင် အမှုန်အမွှားလေး တွေ လွင့်စဉ်သွားတယ်။ ခြောက် ပေလောက်အတွင်းမှာ တိုက်ရိုက် လွင့်စဉ်သွားပြီးတော့ ကျန်တဲ့တစ် ယောက်ကို  အသက်ရှူလမ်း ကြောင်းကတစ်ဆင့် ကူးစက်နိုင် တာပေါ့။ ရာသီတုပ်ကွေးမှာဖြစ် တဲ့ အမှုန်အမွှားလေးတွေကတော့  ပမာဏကြီးတော့လေ သိပ်ဝေး ဝေးကို မလွင့်စဉ်နိုင်ဘူး။များသော အားဖြင့် တင်ကျန်နေခဲ့တယ်ပေါ့ နော်။ နှာချေချောင်းဆိုးလိုက်ရင်  စားပွဲခုံတို့၊ ကုလားထိုင်တို့၊ လက်ကိုင်ပ၀ါတို့ စသည်မှာတင် ကျန်နေခဲ့တယ်။ အဲဒါကို တစ် ယောက်ယောက်က ကိုင်မိပြီး တော့ ကိုယ့်နှာခေါင်း၊ ပါးစပ်ကို ပွတ်သပ်မိရင် ကူးစက်သွားနိုင် တာပေါ့နော်။ အဲဒါကြောင့် လက် ဆေးတာ ပိုအရေးကြီးတယ်။ဆပ် ပြာနဲ့လက်ကို စင်ကြယ်အောင် ဆေးကြောရမှာ။  ဆေးကြောခြင်း နဲ့ကာကွယ်နိုင်တယ်။ ချောင်းဆိုး၊  နှာစေးတဲ့အခါမှာ ချောင်းဆိုးတဲ့ လူတိုင်းကတော့ ယေဘုယျ ဒီ့ပြင်ရောဂါတွေလည်း ကာကွယ် ပါတယ်။ လက်ကိုင်ပ၀ါနဲ့ အုပ် ဆိုးရမယ်။ လူအများကြားမှာ မဆိုးရဘူး။ ဒါမျိုးတွေလည်း လုပ် သင့်တယ်။  ကျွန်တော်တို့အတွေ့ အကြုံအရလည်း အခုကနှာစေး၊ ချောင်းဆိုးလူနာတွေကတော့ နေ့ တိုင်းရှိနေတာပေါ့။ အဲဒီအထဲမှာ ဒီဘယ်ဟာက ရာသီတုပ်ကွေးလဲ ဆိုတာ ဒီဗိုင်းရပ်စ်ပိုးကိုစစ်ဆေး ကြည့်မှရတာပေါ့။ အဲဒါဆိုတော့  များသောအားဖြင့် ကျွန်တော်တို့  စစ်ဆေးနိုင်တဲ့အခွင့်အလမ်းမရှိ ဘူးပေါ့နော်။ ဒါပေမဲ့ ရာသီတုပ် ကွေးပဲဖြစ်ဖြစ်၊ တုပ်ကွေးက နောက်ဆက်တွဲ လက္ခဏာက တော့ အဆုတ်အအေးမိဖြစ်တာ ပေါ့။ အဲဒီတော့ အဆုတ်အအေးမိ နဲ့ သေနိုင်တာပေါ့။ ရင်ကျပ်ရှိ တဲ့သူကတော့ ရင်ကျပ်အခံရှိတာ နဲ့သေနိုင်တယ်ပေါ့။ ရင်ကျပ် ထလာနိုင်တာပေါ့။ အဲဒါတွေကို ထိထိရောက်ရောက် ကုလိုက်ပြီ ဆိုရင်တော့ အသေအပျောက်နှုန်း တွေကတော့ တော်တော်နည်းပါ တယ်။ ကျွန်တော်တို့ဆီမှာ လော လောဆယ်တော့ မရှိသေးပါဘူး။ ရန်ကုန်တိုင်းတစ်ခုလုံးမှာတော့  လေးယောက်ဆိုတာကတော့သိပ် မများလှဘူးပေါ့နော်။ ဘာလို့ဆို  ခါတိုင်းလည်း တုပ်ကွေးဖြစ် တယ်၊ နောက်ဆက်တွဲဖြစ်တယ်။  အဆုတ်အအေးမိရောဂါတွေ ကြောင့် သေဆုံးတဲ့လူတွေကရှိနိုင်  ပါတယ်။ 

ရာသီတုပ်ကွေးရောဂါကာကွယ် ဆေးရှိပါသလား။ အခု ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ ထိုးလို့ရ တဲ့ တုပ်ကွေးကာကွယ်ဆေးက လတ်တလောဖြစ်ပွားနေတဲ့ ရာ သီတုပ်ကွေး Influenza Type A(H1N1) pdm 09 ရောဂါကို ကာကွယ်ပေးနိုင်ပါသလား။

ဟုတ်ပါတယ်။ ကာကွယ် ဆေးက ကာကွယ်နိုင်ပါတယ်။ ဒီရာသီတုပ်ကွေးက နှစ်တိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ် ပြန်ပေးတယ်ပေါ့နော်။ ဘယ်အ မျိုးအစားတွေ ပါသင့်လဲဆိုပြီး တော့ မိုးရာသီတုပ်ကွေးတစ်ခါ ထွက်တယ်။  ဆောင်းရာသီတုပ် ကွေးတစ်ခါထွက်တယ်။ အဲဒီ တော့  ဒီနှစ်မိုးရာသီ တုပ်ကွေးထဲ မှာ H1N1 ပါတယ်။ အခုဖြစ်နေတဲ့  H1N1 ပါတယ်။ နောက်တစ်ခါ  H3N2 ပါတယ်။ နောက်တစ်ခါ  နောက်တစ်ခုအတွက်လည်းပါ တယ်။ အခု ဈေးကွက်မှာရနေတဲ့၊ ဆရာတို့ ဆေးခန်းတွေမှာ ထိုးပေး နေတဲ့ ဒီကာကွယ်ဆေးတွေပေါ့ လေ။ နှစ်မျိုး၊ သုံးမျိုးရှိပါတယ်။ အဲဒါက H1N1 ပါပါတယ်။ ရာသီ တုပ်ကွေးကတော့ နှစ်တိုင်းပြန် ထိုးရတယ်။ တစ်နှစ်နဲ့တစ်နှစ် ဖြစ်တဲ့အကောင်ရဲ့ ဖြစ်တဲ့တုပ် ကွေးရောဂါပိုးချင်းမတူတော့ နှစ် တိုင်းပြန်ထိုးဖို့လိုတယ်။ နောက် တစ်ခုက ဒီနောက်နှစ်မှာအဖြစ် များမယ့်ရောဂါကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ကြိုတင်သတ်မှတ် ပေးထားတာ။ အဲဒီတော့ တစ်နှစ် တစ်ခါပြန်ထိုးဖို့လိုပါတယ်။ က လေး(၅)နှစ်အောက် ကလေး ရယ်၊ (၆၅)နှစ်အထက်လူကြီး တွေ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရော ဂါ၊ ပန်းနာရင်ကျပ်ရှိတဲ့သူတွေက တော့ ဦးစားပေးထိုးသင့်တဲ့အထဲ မှာပါတယ်ပေါ့။ ဖြစ်နိုင်ရင်တော့ အကုန်လုံး ကျန်းမာရေးဝန်ထမ်း တွေကလည်း ဦးစားပေးအထဲမှာ ပါတယ်။ ဘာလို့ဆို သူတို့က တစ်ဆင့်လည်း ကူးသွားနိုင်တယ်။  သူတို့ကလည်း အကူးခံရဖို့များ နိုင်ခြေဖြစ်ပါတယ်။ ဖြစ်နိုင်ရင် တော့ အကုန်လုံးထိုးထားနိုင်ရင် တော့ အကောင်းဆုံးပါပဲ။   

တုပ်ကွေးဖြစ်ပြီးသားသူမှာ ထိုး ရင်ကော ထိရောက်မှုရှိပါသ လား။

နှစ်ခုရှိတာပေါ့လေ။ ရာသီ တုပ်ကွေးမှာပါတဲ့ ဗိုင်းရပ်စ်ပိုး တွေကြောင့်ဖြစ်တဲ့ တုပ်ကွေးရော ဂါနဲ့ တခြားနှာစေး၊ချောင်းဆိုးဖြစ် တဲ့ ဗိုင်းရပ်စ်ပိုးတွေနဲ့ ခွဲခြားဖို့ ခက်တာပေါ့။ အဲဒီတော့မသေချာ လို့ရှိရင်တော့ ထိုးထားလိုက်တာ ကောင်းပါတယ်။ ထပ်ထိုးလို့ လည်း အန္တရာယ်တော့မရှိပါဘူး။

ကာကွယ်ဆေးကို ဘယ်နေရာ တွေမှာ ထိုးလို့ရနိုင်ပါသလဲ။

ဆေးကတော့ အမျိုးသား ကျန်းမာရေးစီမံချက်ထဲမှာတော့ မပါသေးဘူးပေါ့နော်။ ဘာလို့လဲ ဆိုတော့ အမျိုးသားကျန်းမာရေး စီမံချက်ထဲမှာ လူတွေဒီလောက် အများကြီး နှစ်တိုင်းထိုးပေးဖို့ဆို တာတော့ မဖြစ်နိုင်သေးဘူးပေါ့။  အခုလောလောဆယ်တော့ ပြင်ပ ပုဂ္ဂလိကဈေးကွက်မှာ ရနေပါ တယ်။ နိုင်ငံခြားကုမ္ပဏီတွေက  တင်သွင်းတဲ့တုပ်ကွေးကာကွယ် ဆေးတွေပေါ့နော်။ သောင်း ဂဏန်းပတ်ဝန်းကျင်လောက်ပဲရှိ တယ်။ တော်တော်များများဆေး ခန်းကြီး၊ ဆေးရုံကြီးတွေမှာရနိုင် ပါတယ်။ နယ်မှာလည်းတချို့ ဆရာဝန်တွေကထိုးပေးနေတာရှိ ပါတယ်။ ရာသီတုပ်ကွေးကာ ကွယ်ဆေးက ထိုးထားရင်တော့  တော်တော်များများ ကာကွယ်ပါ တယ်။ ထိရောက်မှုလည်း တော် တော်ရှိတယ်။ အန္တရာယ်လည်း နည်းတယ်။ ကုန်ကျစရိတ်က တော့ ရှိပါတယ်။ နှစ်သောင်းပတ် ၀န်းကျင်လောက်ရှိပါတယ်။

ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။

ရာသီတုပ်ကွေးကာကွယ် ဆေးကို ထိုးထားတာက အသုံးဝင် ပါတယ်။ ဘာလို့ဆို တုပ်ကွေးဖြစ် တော့မှ ကုတာထက်စာလို့ရှိရင်  အများကြီးအကျိုးရှိတယ်။ ဦးစား ပေးပြီးထိုးရမှာတော့ အသက် (၅)နှစ်အောက် ကလေး တွေ ရယ်၊ (၆၅) နှစ်အထက်၊ နောက် ဆီးချို၊သွေးတိုး၊ နှလုံး၊ ရင်ကျပ် ပန်းနာရှိတဲ့သူတွေပေါ့။ ဖြစ်နိုင် ရင်တော့ အကုန်လုံးထိုးထားရင် အကောင်းဆုံးပါပဲ။ ကျန်းမာရေး ၀န်ထမ်းတွေလည်း ထိုးထားသင့် တယ်။ အမေရိကန်နိုင်ငံမှာဆိုရင် တော့ အကုန်လုံးကိုထိုးဖို့အတွက်  တိုက်တွန်းပါတယ်။ ကျွန်တော် တို့လည်း အိမ်နီးချင်းထိုင်းနိုင်ငံက အတွေ့အကြုံလည်း လေ့လာ ကြည့်တဲ့အခါကျတော့ သူတို့က ဥပမာပုဂ္ဂလိကကျောင်းတွေ၊စက် ရုံတွေ၊ သူကအစုလိုက်အပြုံလိုက်  ပိုင်ရှင်ကကို ထိုးပေးတယ်။ ဘာ လို့ထိုးပေးလဲဆိုတော့ စက်ရုံမှာ ထိုးပေးခြင်းအားဖြင့် သူ့စက်ရုံအ လုပ်သမားတွေက ဒီတုပ်ကွေး ရောဂါနဲ့ ပျက်ကွက်တာတွေနည်း သွားရင် သူ့အတွက်က အကျိုး ကျေးဇူးပိုရှိတယ်ပေါနော့်။ ဒါ ကြောင့် တချို့စက်ရုံတွေက ကြီး ကြပ်ပြီးတော့ သူတို့ကိုယ်တိုင်က  ထိုးပေးတာတွေရှိပါတယ်။ ကျွန် တော်တို့နိုင်ငံမှာလည်း တော် တော်များများတော့ လာထိုးကြ တာတွေ့ပါတယ်။  ကျန်းမာရေး ဗဟုသုတများလာပါပြီ။ ထိုးထား တာကအသုံးဝင်ပါတယ်။ နောက် တစ်ချက်ပြောချင်တာက ရာသီ တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးက မတူပါဘူး။ လူတွေကအမြင်မှား တာက ဘယ်လိုလဲဆိုတော့ ရာသီ တုပ်ကွေးထိုးထားရင် သွေးလွန် တုပ်ကွေးကာကွယ်လားဆိုပြီး  ခဏခဏမေးကြတယ်။ အဲဒါ မဆိုင်ပါဘူး။ ရာသီတုပ်ကွေးကာ ကွယ်ဆေးက ရာသီတုပ်ကွေးနဲ့ပဲ ဆိုင်တယ်။  သွေးလွန်တုပ်ကွေး ကာကွယ်ဆေးကတော့ အခု ကျွန်တော်တို့ဆီမှာလည်း မရှိ သေးဘူး။ မသွင်းထားသေးဘူး။ နောက်ပြီးတော့ သူက (၉)နှစ် အထက်မှာမှ သုံးလို့ရတယ်။ နောက်ပြီးတော့ သွေးလွန်တုပ် ကွေးတစ်ခါဖြစ်ဖူးကြောင်းလည်း သွေးစစ်ပြီးသား ဖြစ်ရမယ်။ နောက်ပြီးတော့ ကာကွယ်မှုက လည်း သိပ်ပြီးတော့အကောင်း ကြီးမဟုတ်တဲ့အတွက်ကြောင့် တချို့ဆို အကုန်အကျခံပြီး နိုင်ငံ ခြားတွေ၊ ဘာတွေသွားသွားထိုး ထားတယ်ပေါ့နော်။ ဒါပေမဲ့ ထိ ရောက်မှုကတော့ ကုန်ကျတာနဲ့ စာရင် ကျွန်တော့်အနေနဲ့ သိပ်ပြီး တော့မတန်သေးပါဘူးနော်။

No comments:

Post a Comment