Friday, June 21, 2019

တရုတ်အစိုးရက တာလီဘန် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့

တရုတ်အစိုးရဟာ မကြာသေးခင်က အာဖဂန်နစ္စတန် အခြေစိုက် တာလီဘန် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကို ကူညီအားပေးတဲ့ တစိတ်တပိုင်း အနေနဲ့ ပြုလုပ်ခဲ့တာလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရ လူကန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။



ကာတာနိုင်ငံဆိုင်ရာ တာလီဘန်ကိုယ်စားလှယ် အဘယ်လ်ဒူ ဂန်နီ ဘာရာဒါနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ မကြာသေးခင်က တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်လို့ လူကန်းက ပြောပေမယ့် နေ့ရက်အတိအကျကိုတော့ မပြောခဲ့ပါဘူး။

တာလီဘန်ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်အရာရှိတွေဟာ အာဖဂန်နစ္စတန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ လူကန်းက ဆက်ပြောပါတယ်။

အာဖဂန်နစ္စတန်အနေနဲ့ ၁၇ နှစ်ကြာစစ်ပွဲ ရပ်ဆိုင်းနိုင်ရေး ဆွေးနွေးပွဲတွေကတဆင့် ဖြေရှင်းဖို့ ကြိုးစားနေတာကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့ လူကန်းက ပြောပါတယ်။

No comments:

Post a Comment