Friday, June 21, 2019

တရားမဝင် ဝဆေးများ ဖြန့်ဖြူးသူကို ဖမ်းဆီးအမှုဖွင့်

ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက သောက်သုံးရန် မသင့်ဟု တားမြစ်ထားသည့်ထိုင်း နိုင်ငံထုတ် ဝဆေးများကို အွန် လိုင်းရှော့ပင်းနှင့် စတိုးဆိုင်တို့ တွင် ဖြန့်ဖြူးရောင်းချသူအမျိုး သမီးကို အမျိုးသားဆေးဝါးဥပဒေ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဇွန်လ ၂၀ ရက်၌ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ မြောက်ဥက္ကလာပမြို့နယ် (စ) ရပ်ကွက် သံသုမာလမ်းတွင် အလှကုန်စတိုးဆိုင် ဖွင့်လှစ်ထား သည့် အသက် (၂၅) နှစ်အရွယ် အမျိုးသမီးက ထိုင်းနိုင်ငံထုတ် Add Plus တံဆိပ်ပါ ဝဆေးများ ကို ၎င်း၏ စတိုးဆိုင်နှင့်ဈေးမှန် အမည်ရှိ အွန်လိုင်းပေ့ခ်ျတို့မှတစ် ဆင့် လက်လီလက်ကားရောင်းချ နေကြောင်း သတင်းရရှိ၍ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် FDA မှ တာဝန်ရှိသူများက ဇွန်လ ၁၈ ရက်၌ ဝင်ရောက်ရှာဖွေစစ် ဆေးခဲ့သည်။



ထိုသို့စစ်ဆေးရာ ၎င်း၏ စတိုးဆိုင်အတွင်းမှ တားမြစ်ထား သည့် Add plus ဆေးဘူး ၁၉၃ ဘူး၊  မမေဆုမွန်ဦးက အွန်လိုင်း ရှော့ပင်းမှတစ်ဆင့်  ဖြန့်ဖြူး ရောင်းချထားသော ဆေးဘူးငါး ဘူးနှင့် တာမွေဈေးရှိ စတိုးဆိုင် တစ်ဆိုင်မှ ဆေးဘူးလေးဘူးသိမ်းဆည်းရမိသည်။

၎င်းမှတစ်ဆင့် ဖြန့်ဖြူး ရောင်းချထားသည့် မန္တလေးမြို့ရှိ အမျိုးသမီးတစ်ဦးထံမှ ဆေးဘူး ခြောက်ဘူး ထပ်မံသိမ်းဆည်းရမိ ကြောင်း ရဲမှတ်တမ်းက ဆိုသည်။

ထိုင်းနိုင်ငံထုတ် တားမြစ် ထားသည့် Add plus ဆေးဘူး ၂၀၈ ဘူး  (ကာလတန်ဖိုး ကျပ်သိန်း ၄၀) သိမ်းဆည်းရမိသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)သို့  ဆက်သွယ်မေးမြန်း သော်လည်း ဆက်သွယ်၍မရပေ။ မြောက်ဥက္ကလာပမြို့မရဲစ ခန်းက အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ ၁၈ ဖြင့် ဇွန်လ ၁၉ ရက်က အမှုဖွင့်အရေးယူထားသည်။

No comments:

Post a Comment