Friday, June 21, 2019

အာဖဂန်တွင် ဗုံးတလုံးပေါက်ကွဲ၊ ၁ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက် ဂျလာလာဘတ်မြို့မှာ ဇွန်လ ၂၀ ရက်နေ့က လမ်းဘေးမှာထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲမှုကြောင့် အရပ်သား တယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရတယ်လို့ နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေး ပြောခွင့်ရ အရာရှိတဦးက ပြောပါတယ်။ အဲဒီ လမ်းဘေးဗုံးဟာ အာဖဂန်အစိုးရ လိုလားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ကားတစီးကို ပစ်မှတ်ထား ဖောက်ခွဲခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။



လက်ရှိမှာတော့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ တာဝန်ယူ ပြောကြားတာ မရှိသေးပါဘူး။

ဒါပေမယ့် အိုင်အက်စ် စစ်သွေးကြွအဖွဲ့ဟာ မကြာသေးခင် နှစ်တွေက ဂျလာလာဘတ်မြို့က အစိုးရရုံးတွေ၊ စာသင်ကျောင်းတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ တိုက်ခိုက်တာတွေ အရှိန်မြှင့် လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဂျလာလာဘတ်မြို့မှာပဲ ရဲကားတစီး အသေခံဗုံးခွဲ တိုက်ခိုက်ခံရတာကြောင့် အရပ်သားတွေ အပါအဝင် လူ ၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် တာဘီလန် စစ်သွေးကြွအဖွဲ့ကလည်း အာဖဂန်နိုင်ငံတလွှား ပုန်ကန်တိုက်ခိုက်တာတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

No comments:

Post a Comment