Friday, June 21, 2019

ဘန်ကောက်တွင် မြန်မာအလုပ်သမတဦး မွေးစကလေးအား သတ်ပြီး အမှိုက်ပုံးထဲစွန့်ပစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘင်ကုမ်းနယ်မြေ ခလောင်းကုမ်ရပ်ကွက်ထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမတဦးက ကလေးမွေးပြီး ကလေးကို သတ်ဖြတ်ကာ အမှိုက်ပုံးထဲ သွားရောက်စွန့်ပစ်ခဲ့တယ်လို့ ချနယ်လ် ၈ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ခလောင်းကုမ်ရပ်ကွက် နာဝါမင်လမ်း ၇၀ မှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုး သမီး ၁ ဦးဟာ ဇွန်လ ၂၀ ရက် ည ၁၀ နာရီလောက်က သွေးတွေတအားသွန်ပြီး နေမကောင်းကြောင်း အလုပ်ရှင်ဖြစ်သူကို သွားပြောရာမှာ အလုပ်ရှင်က သူမကို ဆေးရုံပို့ပေးခဲ့ ပါတယ်။



ဆေးရုံမှာ ဆရာဝန်တွေက ကလေးမွေးတာကို စစ်ဆေးသိရှိပြီးတဲ့နောက် အဖြစ်မှန်ကို မေးမြန်းရာမှာ သူမက ကလေးကို မွေးမွေးချင်း တိုက်ခန်းက အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့တယ်လို့ ၀န်ခံပြောကြားသွားပါတယ်။

အလုပ်ရှင်က သူ့အခန်းနဲ့ မနီးမဝေး အမှိုက်ပုံနားသွားရောက်ကြည့်ရှုရာမှာတော့ အနက်ရောင်အထုတ်တထုတ်တွင်း ပါးစပ်ထဲ တစ်ရှူးစက္ကူတွေနဲ့ဆို့ပြီး လည်ပင်းမှာ ပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတဲ့ မွေးကင်းစ ကလေးလေး (ယောက်ျားလေး) ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မိန်းကလေးမှာ သူ့ရဲ့အလုပ်သမားဖြစ်ကြောင်း၊ အလုပ်သမားမှတ်ပုံတင် အပြည့် အစုံရှိပြီး မကြာသေးခင်ကမှ ယောက်ျားနဲ့ကွဲသွားတာကြောင့် စိတ်ညစ်ပြီး ခုလိုလုပ်တာဖြစ်နို င်တယ်လို့ အလုပ်ရှင်ရှင်က သတင်းထောက်ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ အဆိုပါမိန်းကလေးကို ဆက်လက်စစ်ဆေးမေးမြန်းသွားမှာဖြစ်ပြီး လောလောဆယ် ဆေးရုံက ဆင်းမရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

No comments:

Post a Comment