Friday, June 21, 2019

ကမ္ဘာ့ဈေးတက်လို့ ရွှေဈေးအတက်ကြမ်းနေ

ရွှေဈေးတက်နေတာဟာ ကမ္ဘာ့ရွှေဈေးအရမ်းတက်နေတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းကပြောပါတယ်။ ပြည်တွင်းရွှေဈေးဟာ လက်ရှိမှာ ၁၁ သိန်းစွန်းစွန် ရှိနေတာဖြစ်ပြီး စံချိန်တင်ဈေးတက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်-အမေရိကန် ကုန်သွယ်မှုစစ်ပွဲကြောင့် စတော့ရှယ်ယာဝယ်စုတာနဲ့ ဒေါ်လာစုဆောင်းခြင်းအစား ရွှေတွေ ၀ယ်စုခြင်းတွေဖြစ်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ပြည်တွင်းရွှေဈေးနဲ့ ကမ္ဘာ့ရွှေဈေးမှာ ကျပ်နှစ်သောင်းကျော်ကွာဟနေတာကြောင့် ဈေးပြန်ကျဖို့ခက်ခဲနေပြီး ရွှေဝယ်ယူမှာလည်း ကျဆင်းနေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပြည်တွင်းရွှေဈေးနှုန်းတက်နေတာကို ထိန်းချုပ်လို့ မရဘဲ တည်ငြိမ်နေအောင်သာ လုပ်ဖို့လိုတယ်လို့ သိရပါတယ်။

No comments:

Post a Comment