Friday, June 21, 2019

ကနေဒါကုမ္ပဏီတစ်ခုမှ တင်ပို့သော ဝက်သားများကို တရုတ်ပိတ်ပင်

ကနေဒါရှိ ဖရီဂို ရိုင်ယာကုမ္ပဏီတင်ပို့သော ဝက်သားများတွင် အသားတိုးစေရန် ကျွေးသည့် အဖြည့်ခံဆေးများပါဝင်သည်ဟု စွပ်စွဲပြီး ယင်းကုမ္ပဏီမှ တင်ပို့သော ဝက်သားများကို တရုတ်က ခေတ္တပိတ်ပင်လိုက်သည်။ ထို့ပြင် တရုတ်သည် ကနေဒါကုမ္ပဏီကြီးနှစ်ခုက တင်ပို့နေသည့် ကနိုလာဆီခေါ် မုန်ညင်းဆီတစ်မျိုးမှထုတ်လုပ်သော ဆီတစ်မျိုးတွင် ပိုးပါသည်ဟု ပြောဆိုကာ နိုင်ငံသို့ တင်သွင်းခွင့်ပိတ်ပင်ခဲ့ပြီးဖြစ်သည်။



ကနေဒါမှ တင်ပို့သော ဝက်သားများကို တရုတ်အကောက်ခွန်အရာရှိများကို တိုးမြှင့်စစ်ဆေးနေကြောင်း ကနေဒါစိုက်ပျိုးရေးဝန်ကြီးက ယခုလအစောပိုင်းတွင်ပြောဆိုခဲ့သည်။

ဖရီဂိုရိုင်ယယ်မှ နိုင်ငံအရှေ့ပိုင်း နန်ကျင်းသို့ တင်ပို့လိုက်သည့် ဝက်သားများတွင် နိုင်ငံအတော်များများ၌ ပိတ်ပင်ထားသည့် အသားတိုးဆေး ရက်တိုပါမင်းများကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။ တိရစ္ဆာန်များ ကြီးထွားစေသည့် ဆေးများကို ဥရောပသမဂ္ဂနှင့် တရုတ်တို့တွင် ပိတ်ပင်ထားသော်လည်း အမေရိကန်ပြည်ထောင်စုတွင် အသုံးပြုနေဆဲဖြစ်သည်။

No comments:

Post a Comment