Friday, June 21, 2019

ရွှေခါးပတ်ချန်ပီယံ လက်ဝှေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲကို မန္တလေးမြို့တွင် ကျင်းပမည်

ယခုနှစ် ရွှေခါးပတ်ချန် ပီယံလုပွဲ မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲအကြိုဗိုလ်လုပွဲနှင့် ဗိုလ်လု ပွဲစဉ်များကို မန္တလေးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောသည်။  အဆိုပါ Golden Belt Championship 2019 ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်ကို ဇွန်လ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ ငါးလွှာ၌ ကျင်းပမည်ဖြစ်သည်။ ဇွန်လဒုတိ ယပတ်က ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပသည့် ကွာတားဖိုင်နယ်၌ အနိုင်ရသည့် ကစားသမားများက အကြိုဗိုလ်လုပွဲသို့ တက်ရောက် ထိုးသတ်မည်ဖြစ် သည်။



အကြိုဗိုလ်လုပွဲတွင် ဝိတ်တန်းခုနစ်တန်း ပါဝင်မည်ဖြစ်ပြီး ကရင်၊ မွန်ပြည်နယ်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်း ရှိ အမျိုးသားလက်ဝှေ့ကစားသ မား ၂၈ ဦးနှင့် အမျိုးသမီးလက် ဝှေ့ကစားသမားလေးဦး စုစုပေါင်း၃၂ ဦး ပါဝင်ထိုးသတ်မည်ဖြစ် သည်။

 ယင်းအဆင့်တွင် အမျိုးသားတွဲဆိုင်း ကိုးဆိုင်းနှင့် အမျိုးသမီးတွဲဆိုင်း နှစ်ဆိုင်း စုစုပေါင်း ၁၁ ဆိုင်း ပါဝင်မည်ဖြစ်သည်။

အမျိုးသားတွဲဆိုင်းတွင် မိုးမောင်နှင့် နက္ခအောင်၊ စောမင်းနိုင် နှင့် ထူးနေသူ၊ အောင်အောင်နှင့် သိန်းစိုး၊ လှိုင်းထက်အောင်နှင့် သန့်ဇင်ထူး၊ ဗျဂ္ဃနှင့် အောက်ချင်း လေး၊ ဆလိုင်းဟိန်းထက်နှင့် ဟိန်းထွန်းအောင်၊ ရဲဝင်းအောင်နှင့် စောရွှေလေး၊ စောကျော်ဟဲနှင့် အောင်ပိုင်၊ ထွန်းနိုင်ဦးနှင့် ဆလိုင်းချမ်းမြေ့ကို၊ သွေးသစ်မောင်နှင့် စောဝါလုတို့ ထိုးသတ်မည် ဖြစ် သည်။ အမျိုးသမီးတွဲဆိုင်းတွင် ရွှေကိုလေးနှင့် ချယ်ရီမောင်၊ မေသဇင်ထူးနှင့် စိန်တစ်ပွင့်တို့ ထိုးသတ်မည်ဖြစ်သည်။ ယင်းအဆင့်၌ အနိုင်ရရှိသည့် လက်ဝှေ့သမား များသည် ဗိုလ်လုပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို ဇူလိုင် ၁၃ ရက်တွင် မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ ငါးလွှာ၌ ကျင်းပ မည်ဖြစ်သည်။

No comments:

Post a Comment