Friday, June 21, 2019

တစ်ရွာတည်းနေ ၁၂ နှစ်အရွယ်မိန်ခလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ယောက်ဖဖြစ်သူမှဓားဖြစ်ခုတ်သတ်မှု ဖြစ်ပွား

တစ်ရွာတည်းနေ ၁၂ နှစ်အရွယ်မိန်ခလေးတစ်ဦးအားအဓမ္မပြုကျင့်ခဲ့သည့်အစ်မယောင်္ကျားမှအစ်မဖြစ်သူအားမှုးယစ်ယမ်းကားသည်ဟုဆိုကာယောက်ဖဖြစ်သူမှဓားဖြစ်ခုတ်သတ်ခဲ့သည့်အမှုတစ်ခု လက်ပံတန်းမြို့နယ် ခမုံနယ်မြေရဲစခန်းအပိုင် မြင်ကဝကျေးရွာအုပ်စု အေးသာယာကျေးရွာတွင်ယမန့်နေ့ညကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ "မ​နေ့ ည​နေက တာကြီး​ဘေးမှာ ​နေကြတဲ့သူ​တွေ လူသတ်​မှု ဖြစ်​တာပါ ​ကျေးရွာ​ တစ်​ အုပ်​စုတည်း​နေတဲ့ အသက်​ ၁၂နှစ်​ခန့်​ရှိ မိန်းခ​လေးငယ်​ကို ​သေဆုံးသူ ဖိုးမီးက အဓမ္မပြုကျင့်​ခဲ့လို​ ​ယောက်​ဖက ရှက်​ပြီးဓားနဲ့ ခုတ်​သတ်​လိုက်​တာပါ။ ယောက်​ဖ ကလူရိုးလူ​အေးကြီးပါလို့်​"ကျေးရွာ အုပ်​ချုပ်​​ရေးမှုး ဦးမြင့်​ဦး က​ဆိုသည်။



လူသတ်မှုအခင်းဖြစ်ရာသို့ခမုံနယ်မြေစခန်းမှူး-ဦးသန့်ဇင်စိုးဦးဆောင်ပြီး နယ်ထိန်းခေါင်ဆောင်ဒုရဲအုပ် သက်ဝေလွင်နှင့်အတူ ခမုံနယ်မြေရဲတပ်ဖွဲ့ဝင်များမှအချိန်နှင့်တပြေးညီ သွားရောက်၍ လူသတ်တရားခံအားလိုက်လံရှာဖွေခဲ့ပြီး တရားခံနေထိုင်ရာ အေးသာယာကျေးရွာအတွင်းမှပင် ဖမ်းဆီးရမိခဲ့ကြောင်း ခမုံနယ်မြေရဲစခန်းမှ သိရှိရသည်။

ယခုအချိန်​ထိ လူသတ်​မှုကို ပ-၃ဝ / ၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ဖြင့် အ​ရေးယူ​ဆောင်​ရွက်​ထား​ပြီး မုဒိမ်းမှုကို​တော့ စိစစ်​​​ဆောင်​ရွက်​​နေဆဲဖြစ်​လို့ ဖြစ်စဉ်​​အ​သေးစိတ်​ကို မထုတ်​ပြန်နိုင်​​သေးဘူးလို့ ရဲစခန်းက​တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

No comments:

Post a Comment