Tuesday, June 18, 2019

ထားဝယ် ကနက်သီရိရေပြင်မှာ မောင်းသူမဲ့လေယာဉ်(Drone)တစ်စီး ဆယ်ယူရရှိ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရေပြင်တွင် ဇွန်လ ၁၆ ရက်၊ ညနေပိုင်းက Banshee Target အမျိုးစား မောင်းသူမဲ့လေယာဉ်(Drone)တစ်စီး ဆယ်ယူရရှိခဲပါတယ်။ ကနက်သီရိကျေးရွာမှ ရေလုပ်သားဦးလှတင်နှင့်ပြင်ဖြူရွာမှ ဦးလူရှဲတို့ ၂ ဦး ဦးလှသိန်းရဲ့ ငါးဖောင်အနီးမှာ ဂဏန်းခုတ်များထောင်နေစဉ် လျား ၉ ပေ၊ နံ ၆ ပေခန့် ၊ လုံးပတ် ၃ ပေခန့်ရှိတဲ့ လိမ္မော်ရောင် မောင်းသူမဲ့ (Drone) တစ်စင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဒရုန်းတွေ့ရှိမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ Banshee Target အမျိုးစားမောင်းသူမဲ့လေယာဉ်ဟာ UK နိုင်ငံက ထုတ်လုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံနဲ့အနီးဆုံး အိန္ဒိယနိုင်ငံက အများဆုံးအသုံးပြုလျှက်ရှိပါတယ်။ အဆိုပါလေယာဉ်ဟာ လေယာဉ်ပစ် အဖွဲ့သားတွေ အစမ်းလေ့ကျင့်ရာမှာ ပစ်မှတ်အနေနဲ့ အသုံးပြုတဲ့လေယာဉ်ဖြစ်ပြီး ရေပေါ်မှာ ပေါ်နိုင်အောင်ထုတ်လုပ်ထားတာလည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း ရခိုင်ပြည် ဂွမြို့နယ်က ပင်လယ်ပြင်ထဲမှာ အလားတူတွေ့ရှိမှုမျိုးရှိခဲ့ပါတယ်။

No comments:

Post a Comment