Thursday, July 11, 2019

သက္ကမိုးညို အကောင့်ပိုင်ရှင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းကိုကိုသိန်းကို ရဲတပ်ဖွဲ့က ပုဒ်မ ၃၄(ဃ)ဖြင့် အမှုဖွင့်

နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ victoria အမှုမှာ လိင်အကြမ်းဖက်ခံ ကလေးငယ်ဘက်ကနေ ရေးသားနေတဲ့ သက္ကမိုးညို လူမှုကွန်ယက်အကောင့်ပိုင်ရှင်ဖြစ်သူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းကိုကိုသိန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ) နဲ့ အမှုဖွင့်ဖမ်းဆီးလိုက်ပါတယ်။

ဇူလိုင်လ ၁၀ရက် မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပျဉ်းမနားမြို့နယ် မြို့မရဲစခန်းမှာ စစ်ဆေးနေတာပါ။
ဗစ်တိုးရီးယားအမှုမှာ ဆေးစာပျောက်ဆုံးကြောင်းနဲ့ စီအိုင်ဒီရဲတပ်ဖွဲ့က လုပ်ဆောင်ချက်တွေ မှားယွင်းကြောင်း ရေးသားတယ်ဆိုပြီး ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင်က တရားလိုလုပ်ပြီး မနေ့က အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ) ဟာ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင်တော့ ငွေဒဏ် ကျပ်သိန်း ၅၀ ကနေ ကျပ် သိန်း ၁၀၀ အထိ ချမှတ်ရမည် ၊ တကယ်လို့ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်အနည်းဆုံး ၁ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

No comments:

Post a Comment