Thursday, July 11, 2019

ရခိုင်ဒေသ တိုက်ပွဲများကြောင့် ခြောက်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၉၅ မှုရှိဟု ထုတ်ပြန်

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲဖြစ်နေသည့် ခြောက်လ အတွင်း ပြည်သူသုံးသောင်းကျော် လူ့အခွင့်အရေး ချိုးဖောက်ခံရ ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအ စည်းအရုံး (AASYC)က ထုတ် ပြန်သည်။ ၂၀၁၈ ဒီဇင်ဘာမှ ၂၀၁၉ မေလအထိ ခြောက်လအတွင်း တပ်မတော်နှင့် ရခိုင်လက်နက် ကိုင်အဖွဲ့ (AA)တို့ ဖြစ်ပွားသော တိုက်ပွဲများကြား ပြည်သူများ ထိခိုက်ခြင်းကို စာရင်းပြုစုကာ ‘ရခိုင်ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ’ ခေါင်းစဉ်ဖြင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်း သားနှင့် လူငယ်များအစည်းအရုံး (AASYC)က ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။



တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA)တိုက်ပွဲများ ကြား ရခိုင်ပြည်နယ်ရှိ ၁၁ မြို့နယ်အပါအဝင် ၁၄ မြို့နယ်တွင် လူ့ အခွင့်အရေးချိုးဖောက်မှု ဖြစ်ပွားသည်ကို လေ့လာတွေ့ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ခြောက်လအတွင်း လူ့အခွင့်အ ရေးချိုးဖောက်မှု ၁၉၅ မှုရှိပြီးပြည်သူ ၃၃,၀၀၀ ခန့်အထိ ထိခိုက် မှုရှိခဲ့သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားကိုးမျိုး တွေ့ရှိကာ ယင်းအနက် လွတ်လပ်စွာ သွား လာခွင့်ကို တားဆီးခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးခြင်း၊ အတင်း အဓမ္မရွှေ့ပြောင်းခြင်း စသည်တို့ ပါဝင်ကြောင်း ဖော်ပြသည်။

‘လူ့အခွင့်အရေးချိုးဖောက် ခံရမှုများကို ဆန်းစစ်ကြည့်ရာ အ ချိန်ကာလအားဖြင့် ၂၀၁၉ မတ်လအားလည်းကောင်း၊ နေရာဒေသ အားဖြင့် ရခိုင်ပြည် မြောက်ဦးမြို့ နယ်တို့အားလည်းကောင်း လူ့ အခွင့်အရေးချိုးဖောက်မှု အမြင့် ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ သည်ကို တွေ့ရှိရပါသည်’ဟု ဖော်ပြသည်။

စာရင်းပြုစုချက်အရ အရပ် ဘက်ပစ်မှတ်များ ထိခိုက်မှုများကို ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ရသေ့တောင်နှင့် မောင်တောမြို့နယ်ခုနစ်ခုတွင် ဖြစ်ပွားကာ လက် နက်ကြီးကျည် မတော်တဆမှု၊ မြေမြှုပ်မိုင်းထိမှု၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်း၊ ဗုံးသီးမတော်တဆပေါက်ကွဲမှု စသည် တို့ကြောင့်ဖြစ်ကြောင်း ဖော်ပြ သည်။ AASYC က ၎င်းတို့၏ အစီ ရင်ခံစာအတွက် စာရင်းကောက် ယူမှုပုံစံကိုမူ အတိအကျထုတ်ပြန် ခြင်းမရှိပေ။

AASYC အစီရင်ခံစာပါ အ ချက်များနှင့် ပတ်သက်၍ မှတ် ချက်မပြုလိုသော်လည်း သက် ဆိုင်ရာဘက်အသီးသီးအနေဖြင့် လူထု၏ အကျိုးစီးပွားကိုကြည့်၍ တိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင် ရေး လုပ်ဆောင်သင့်ကြောင်း သုတေသနအဖွဲ့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အမှုဆောင်ဒါရိုက် တာ ဒေါက်တာမင်းဇော်ဦးက မှတ်ချက်ပြုသည်။

‘‘မြန်မာပြည်ရဲ့ အနေအ ထားနဲ့တင်မကဘူး။ တစ်ကမ္ဘာ လုံးရဲ့ အနေအထားနဲ့ကို ကျွန် တော်တို့ ကြည့်မယ်ဆိုရင် လက် နက်ကိုင်ပဋိပက္ခရှိပြီဆိုရင် လူထု နဲ့ နီးနီးမှာဖြစ်လေလေ၊ လူထု ပိုနာလေလေပဲ’’ဟု ၎င်းက ပြော သည်။

နိုင်ငံတကာ  လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ (AI)က ရခိုင်ဒေသ တိုက်ပွဲများအတွင်း တပ်မတော် နှင့် AA နှစ်ဖက်စလုံးမှ လူ့အခွင့် အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း မေလ ၂၉ ရက်ထုတ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့၏ စစ်ရေး ပဋိပက္ခအတွင်း သံသယဖြင့်ဖမ်း ဆီးခံထားရသူများ နှိပ်စက်ညှဉ်း ပန်းခံရသဖြင့် သေဆုံးမှုများနှင့် ပတ်သက်ပြီး  နစ်နာသူများက တရားဥပဒေကြောင်းအရ ဆောင် ရွက်နိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက 7Day Daily သတင်းစာအား ပြောကြားထားသည်။

AASY ထုတ်ပြန်ချက်နှင့် ပတ်သတ်၍ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ထံ ယမန်နေ့က ဆက် သွယ်သော်လည်း ဖုန်းအဆက် အသွယ် မရရှိခဲ့ပေ။ တပ်မတော်နှင့် AA အကြား ၂၀၁၈ နှစ်ကုန်က စတင်သည့် ရခိုင်ဒေသ တိုက်ပွဲများသည် ခြောက်လကျော်ကြာသည်အထိ ပြေလည်မှုမရသေးဘဲ တိုက်ပွဲ ဖြစ်ပွားမှု ပိုမိုကျယ်ပြန့်လာသည်။

No comments:

Post a Comment