Thursday, July 11, 2019

သင်ရိုးဟောင်းသင်္ချာထက် သင်ရိုးသစ်သင်္ချာကို ကလေးများပိုနှစ်သက်ဟုဆို

အခြေခံပညာဒုတိယ တန်း (Grade - 2) ကျောင်းသား၊  ကျောင်းသူများသည် ယခင်အသုံး ပြုသောသင်ရိုးဟောင်း သင်္ချာ  ဖတ်စာအုပ်ထက် လက်ရှိသုံးနေ သော သင်ရိုးသစ်သင်္ချာဖတ်စာ အုပ်ကို ပိုမိုနှစ်သက်သည်ဟုပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။ အခြေခံပညာမူလတန်းသင် ရိုးသစ်များရေးဆွဲရေး ပညာရေး ၀န်ကြီးဌာနကို ပံ့ပိုးပေးနေသော ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ - JICA (CREATE) အဖွဲ့၏ စစ် တမ်းကို ကိုးကားကာပြည်ထောင် စုဝန်ကြီးက ထိုသို့ပြောကြားခြင်း ဖြစ်သည်။



ထိုစစ်တမ်းအရ သင်္ချာဖတ် စာအုပ်အသစ်ကို စာသင်ချိန်တွင် အသုံးမပြုသည့် ကျောင်းသား၊  ကျောင်းသူ ၃ ရာခိုင်နှုန်းရှိ၍ သင်္ချာဖတ်စာအုပ်အဟောင်းကို စာသင်ချိန်၌ အသုံးမပြုသည့် ကျောင်းသား၊ ကျောင်းသူ ၈ ရာခိုင်နှုန်းရှိသဖြင့် ကျောင်းသား၊  ကျောင်းသူများသည် ဖတ်စာ အုပ်အသစ်ကို ပိုမိုအသုံးပြုလာ သည်ဟု ၎င်းကဆိုသည်။

‘‘Grade - 2  ကျောင်းသုံး ဖတ်စာအုပ်တွေကို လေ့လာဆန်း စစ်ရာမှာ ကျောင်းသား၊ ကျောင်း သူတွေဟာ သင်္ချာကျောင်းသုံး ဖတ်စာအုပ်အဟောင်းထက်အ သစ်ကို ပိုနှစ်သက်ပါတယ်။သင်္ချာ  ဖတ်စာအုပ်အသစ်နဲ့ သင်ကြား သင်ယူပြီးမေးခွန်းစစ်မေးရာမှာ ရ မှတ်ပိုကောင်းမွန်ပြီးတော့ စဉ်း စားတွေးခေါ်မှုကို အားပေးတဲ့မေး ခွန်းတွေကို ပိုမိုဖြေဆိုနိုင်ပါတယ်’’ ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

Grade - 2 သင်ရိုးသစ် သင်္ချာဖတ်စာအုပ်ကို ကြိုက်သည့် ကျောင်းသား၊ ကျောင်းသူသည် သင်ရိုးဟောင်းသင်္ချာဖတ်စာအုပ် ကို ကြိုက်သည့် ကျောင်းသား၊  ကျောင်းသူထက်စဉ်းစားတွေး ခေါ်မှု ဦးစားပေးမေးခွန်းများဖြေ ရာတွင် ရမှတ်ပိုများသည်ဟု ထို စစ်တမ်း၌ ဖော်ပြသည်။

သင်ရိုးသစ်ဖတ်စာအုပ်များ အနက် ကျောင်းသား၊ ကျောင်း သူများကြိုက်နှစ်သက်မှု အရှိဆုံး ဖတ်စာအုပ်များကို ရာခိုင်နှုန်းဖြင့်  တွက်ချက်ရာ မြန်မာစာ ၂၅ ဒသမ ၉ ရာခိုင်နှုန်း၊ ပန်းချီ ၂၅ ဒသမ ၈ ရာခိုင်နှုန်း၊ အင်္ဂလိပ်စာ  ၁၆ ဒသမ ၉ ရာခိုင်နှုန်း၊ ကာယ ပညာ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ သင်္ချာ ၈ ဒသမ ၀ ရာခိုင်နှုန်းရှိ သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ပညာရေးဝန်ကြီးဌာနက အ ခြေခံပညာရေးကို ယခင်သူငယ် တန်း + ၁၀ တန်းစနစ် ကျင့်သုံး ရာမှ ၂၀၁၆ - ၁၇ ပညာသင် နှစ်ကစကာ သူငယ်တန်း + ၁၂ တန်းစနစ်သစ်ကို စတင်ပြောင်း လဲခဲ့သည်။ စနစ်သစ်အရ ၂၀၁၆ - ၁၇ ပညာသင်နှစ်က စတင်ကာ သူငယ်တန်း၊ ၂၀၁၇ - ၁၈ ပညာ သင်နှစ်၌ ပထမတန်း၊ ၂၀၁၈ - ၁၉ ပညာသင်နှစ်၌ ဒုတိယတန်း တွင် ကျောင်းသား၊ ကျောင်းသူ များအား သင်​ရိုးညွှန်းတမ်းအ သစ်ဖြင့် စတင်သင်ကြားခဲ့သည်။ ယခု ၂၀၁၉ - ၂၀ ပညာသင်နှစ် တွင် Grade - 3 နှင့် Grade 6 အတန်းနှစ်တန်းကို သင်ရိုးပြောင်း လဲထားသည်။ ၂၀၂၀ - ၂၁  ပညာသင်နှစ်တွင် Grade - 4၊ Grade - 7 နှင့် Grade - 10၊ ၂၀၂၁ - ၂၂ ပညာသင်နှစ်တွင် Grade - 5၊ Grade - 8 နှင့် Grade - 11၊ ၂၀၂၂ - ၂၃ ပညာ သင်နှစ်တွင် Grade -9 နှင့် Grade 12 တို့ကို စနစ်သစ်သင် ရိုးညွှန်းတမ်းများဖြင့် သင်ကြား မည်ဟု သတ်မှတ်ထားသည်။

No comments:

Post a Comment