Thursday, July 11, 2019

ပေါ့ဂ်ဘာနှင့် လူကာကူကို ကမ်းလှမ်းမှုမရှိဟု မန်ယူနည်းပြဆိုးလ်ရှားပြောကြား

အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာ မည်ဟု သတင်းထွက်နေသော ပေါ့ဂ်ဘာနှင့်လူကာကူအပါအဝင် မည်သည့်ကစားသမားများကိုမျှ ကမ်းလှမ်းမှုမရှိသေးကြောင်း မန် ယူနည်းပြဆိုးလ်ရှားက ထုတ် ဖော်ပြောကြားသည်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ် ဘာ (၂၆) နှစ်သည် မဝေးသောအ ချိန်အတွင်း မန်ယူမှ  ထွက်ခွာမည် ဟု ထင်ကြေးပေးခံထားရပြီး ၎င်း သည် မန်ယူမှထွက်ခွာရန်ပြင်ဆင် ထားကြောင်း ပေါ့ဂ်ဘာ၏အေး ဂျင့်မီနိုရိုင်အိုလာက များမကြာမီ ကပြောကြားထားသည်။



ပေါ့ဂ်ဘာသည် ရီးရဲလ်နှင့် ၎င်း၏အသင်းဟောင်း ဂျူဗင်တပ် သို့ ပြောင်းရွှေ့မည်ဟု သတင်း ကြီးနေစဉ် ဘယ်လ်ဂျီယံတိုက်စစ် မှူး လူကာကူမှာ မန်ယူမှထွက်ခွာ ရန် ပြင်ဆင်နေပြီး ၎င်းကိုခေါ်ယူ ရန် အင်တာမီလန်က စိတ်ဝင်စား နေကြောင်း သတင်းများက ဖော် ပြသည်။

သို့သော် ဗုဒ္ဓဟူးနေ့က ပါ့သ် မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်၌ ဆိုးလ်ရှားက မန်ယူ၏အခြေအနေအရ ကစား သမားများ ရောင်းစရာမလိုသည့် အပြင် မည်သည့်ကမ်းလှမ်းမှုမျှ လက်ခံရရှိခြင်းမရှိသေးဟု ပြော ကြားသည်။

မိမိအနေဖြင့် ပေါ့ဂ်ဘာ၊ လူ ကာကူတို့အပါအဝင် အခြားသော ကစားသမားများနှင့် အမြဲမပြတ် အဆက်အသွယ်ရှိကြောင်းလည်း ဆိုးလ်ရှားက ပြောသည်။ မန်ယူမှ အဓိက ကစားသမားများ ထွက် ခွာမည်ဆိုသော သတင်းများသည် နွေရာသီအပြောင်းအရွှေ့ကာလ များတွင် ထွက်ပေါ်လေ့ရှိသော သတင်းများသာဖြစ်သည်ဟု ၎င်း က ဖြည့်စွက်ပြောကြားသည်။

ပေါ့ဂ်ဘာနှင့်လင်းဂတ်ကြား ပြဿနာရှိနေသည်ဆိုသော ပြော ဆိုမှုများကို ဆိုးလ်ရှားက ပယ်ချ ပြီး ပေါ့ဂ်ဘာကိုအများက ဆန့် ကျင်နေသော လုပ်ရပ်တစ်ခုဟု ပြောသည်။

မန်ယူသည် လောလော ဆယ် ရာသီကြိုခရီးစဉ်အဖြစ် သြစတြေးလျသို့ ရောက်ရှိနေပြီး ပါ့သ်ဂလိုရီနှင့်ပထမဆုံးပွဲကစား မည်ဖြစ်ကာ နောက်လေးရက်တွင် လိဒ်စ်ယူနိုက်တက်နှင့် ယှဉ်ပြိုင် မည်ဖြစ်သည်။

No comments:

Post a Comment